နယ်ဒါးမြအား ထိုင်းက နိုင်ငံသားအဖြစ် ပယ်ဖျက်

Views


KNU အဖွဲ့အစည်းမှာ ဗိုလ်မြရဲ့ အရှိန်အဝါးနဲ့ ထင်တိုင်းကြဲနေတဲ့ နယ်ဒါးမြနဲ့ သူ့မိသားစုကို ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ အုပ်ချုပ်ရေးမှူးရုံးက နိုင်ငံသားအဖြစ်ကနေ မှတ်ပုံတင်ပယ်ဖျက်ကြောင်း ကြေငြာခဲ့ပါတယ်..

-

နယ်ဒါးမြက ဖအေလုပ်သူ ဗိုလ်မြရဲ့ ပါဝါတွေနဲ့ မလျော်သြဇာသုံးပြီး KNU အဖွဲ့အစည်းမှာ လုပ်ချင်တာတွေ လုပ်ခဲ့ပါတယ်.. ချိနဲ့နဲ့ KNU အဖွဲ့အစည်းအတွက် သူ့ကြောင့်ပဲ အမည်းစက်တွေ ပိုမိုဆိုးရွားလာပေမယ့် KNU ခေါင်းကြီးပိုင်းတွေ မပြောရဲ မဆိုရဲ ဖြစ်နေတာ တွေ့ရပါတယ်..

-

နောက်ပိုင်း အူးဟူချောင်းက မြန်မာဆောက်လုပ်ရေးလုပ်သား ၂၅ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို နယ်ဒါးမြကျူးလွန်ပြီးချိန်မှ KNU နဲ့ မသက်ဆိုင်ပါဘူး၊ ထိုင်းနိုင်ငံသားပါဆိုပြီး KNU တို့ အရူးကွက်နင်းသွားတာပါ.. အဓိကကတော့ နယ်ဒါးမြကို ကြောက်လို့ပဲ..

-

အခု ထိုင်းနိုင်ငံက နိုင်ငံသားအဖြစ်ကနေ မှတ်ပုံတင် ပယ်ဖျက်လိုက်တဲ့အတွက် နယ်ဒါးမြတို့ မိသားစုက နိုင်ငံမဲ့ ဖြစ်သွားပါပြီ..

-

အကြမ်းဖက်ပြီး အစုလိုက်အပြုံလိုက် လူသတ်ထားတဲ့ မိသားစုကို လက်သင့်ခံတဲ့ မည်သူမည်ဝါမဆို အကြမ်းဖက်အားပေး ဆိုရမှာပဲ.. ဘယ်သူ လက်သင့်ခံထားမလဲ စောင့်ကြည့်ရမယ့် အချိန်ပါ..



#Saw Ba Maung

Post a Comment

Previous Post Next Post