၂၁-၂-၂၀၂၄ ရက်နေ့ ၁၆၂၅ ချိန် (ဟိုပုံး/မိုင်းပွန်)အခြေအနေ

Views




တပ်မတော်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်ရာတွင် KNDF အဖွဲ့မှ Drone အဖွဲ့ဝင် စောသိန်းသည် လက်နက်ကြီးကျည်ထိမှန်ပြီး ခေါင်း ၂ ခြမ်းကွဲကာ သေဆုံးသွားကြောင်း၊ Drone အဖွဲ့ခေါင်းဆောင် ဗလ သည်လည်း ခြေထောက်တွင် လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာ (စိုးရိမ်ရ) ရရှိသွားသည့်အပြင် အခြားအဖွဲ့ဝင် ၁ ဦးလည်း ဦးခေါင်းအား လက်နက်ကြီးအစ ထိန်မှန်ခဲ့ကြောင်း၊

-

နမ့်ဟူးရွာသည် တပ်မတော်စစ်ကြောင်းနှင့်နီးကပ်သည့်အတွက် လူအင်အား ထပ်မံဖြည့်တင်းထားပြီး အင်းအား ၅၀ ခန့်ရှိကြောင်း၊ ရှေ့သို့ရောက်နေသည့်အဖွဲ့(ကားလမ်းမအနီးသို့ရောက် ရှိနေသည့် KNDF မှ GP တို့အဖွဲ့)ထံသို့ အင်အား ၃၀ ထပ်မံဖြည့်တင်းနေကြောင်း သိရှိရ။

-

GP သည် ဟိုပုံးမြို့နယ်၊ ထမ်ဆမ်းဂူဝန်းကျင်သို့ ရောက်ရှိနေပြီး သိန်းဟန်သည် ဟိုပုံးမြို့နယ်၊ ဗန်းစောက် ကျေးရွာဝန်းကျင်သို့ ရောက်ရှိနေပါသည်။

#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post