တရုတ်နယ်စပ်ကုန်သွယ်ရေး ဘယ်လိုဆက်လုပ်သင့်သလဲ?

Views


ဖေ ၂၀ ရက်နေ့က ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ နစကဥက္ကဌကို လာတွေ့ပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်ဖွင့်ပေးပို့ ဖိအားပေးသလိုလိုနဲ့ လာပြောခဲ့တယ်။ အဲဒီနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တံ့ရတဲ့ အဓိကအကြောင်းက ယူနန်တရုတ်တွေရဲ့ နောက်ကွယ်က ပံ့ပိုးမှုတွေယူပြီး MNDAA TNLA AA အဖွဲ့တွေရဲ့ 1027 စစ်ဆင်ရေးအမည်ခံ နယ်မြေချဲ့ချင်တဲ့ တိုက်ပွဲတွေကြောင့် ဖြစ်တယ်။

-

ကျားဖြန့်ကို အကြောင်းပြပြီး မြောက် ၃ ကောင်အဖွဲ့ကို “ဟ”ပေးခဲ့လို့ အဲဒီသူပုန်အဖွဲ့တွေက တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က တံတားတွေဖျက်၊ မြို့/ရွာတွေ အကြမ်းဖက်တိုက်ခိုက်၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို ဖျက်ဆီးတဲ့ အဓိကဆိုးကျိုးတွေပဲ ဖြစ်တယ်။

-

အခုလိုမျိုး နယ်စပ်ကုန်သွယ်ရေးရပ်တံ့မှုကြောင့် တရုတ်ဘက်မှ နေ့စဉ် $ ၁၀ သန်းကျော် နစ်နာဆုံးရှုံးနေပြီး ယခင်ယူနန်ပြည်နယ်က အသားစီးရနေတဲ့ ပို့ကုန်တွေ မြန်မာနိုင်ငံဘက်ကို တင်ပို့မှုတွေ ရပ်ဆိုင်းနေသလို ယူနန်ပြည်နယ်ရဲ့ စားသောက်ရေးနဲ့ စိုက်ပျိုးရေး၊ စက်မှုကုန်ကြမ်းတွေ မတင်သွင်းနိုင်လို့ တရုတ်ဘက်က စက်ရုံ/ အလုပ်ရုံတွေ ထိခိုက်ဆုံးရှုံးမှု ကြီးမားလျက်ရှိနေပါတယ်။

-

ဒါကြောင့်လည်း ယူနန်အုပ်ချုပ်ရေးမှူးက ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့ နစကကို ဖိအားပေး လာရောက် ပြောဆိုသလို လားရှိုး-မူဆယ်လမ်းကြောင်းပေါ်မှာရှိတဲ့ မြောက် ၃ ကောင်အဖွဲ့တွေကိုလည်း ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ခိုင်းနေခြင်း ဖြစ်တယ်။

-

သဘောကတော့ မြောက် ၃ ကောင်အဖွဲ့ကိုရော၊ နစကကိုပါ သူ့ရဲ့လက်အောက်ခံလို သဘောထားပြီး မန္တလေး-လားရှိုးလမ်းကြောင်းကို အစိုးရက တာဝန်ယူ၊ လားရှိုး-သိန္နီ-မူဆယ်လမ်းကြောင်းကို အကြမ်းဖက် သူပုန်အဖွဲ့တွေက တာဝန်ယူဆိုတဲ့ ပုံစံမျိုးနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာခြင်းဖြစ်တယ်။

-

ယူနန်တရုတ်တွေရဲ့ အစီအစဉ်ကို လက်ခံလိုက်ရင် နယ်စပ်ကုန်သွယ်ရေးကနေ အစိုးရအကျိုးအမြတ်ရရှိမှာ ထက် အချုပ်အခြာအာဏာဆုံးရှုံးပြီး အကြမ်းဖက်သူပုန်အဖွဲ့တွေရဲ့ နယ်မြေချဲ့ထွင်မှုကို အသိအမှတ်ပြု ပေးသလို ဖြစ်မှာကြောင့် နစကအတွက် လုံးဝ (လုံးဝ) လက်မခံသင့်တဲ့ အခြေအနေမျိုးဖြစ်တယ်။

-

အိမ်နီးချင်း စီးပွားရေးအင်အားကြီးဖြစ်လို့ မဖြစ်မနေ ကုန်သွယ်မှုပြုရမယ်ဆိုရင် မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေက ကုန်သွယ်မှုမလုပ်ဘဲ လွယ်ဂျယ်၊ ကန်ပိုက်တီးနယ်စပ်ဂိတ်တွေနဲ့ ပင်လယ်ရေကြောင်း လမ်းရှိတဲ့ တရုတ်ဒေသများနဲ့သာ ပင်လယ်ရေကြောင်းကုန်သွယ်မှု ပြုလုပ်သင့်ပါတယ်။ ဒါဆို ပေါက်ဖော်ကြီးနဲ့ ကုန်သွယ်မှုမပျက်သလို အကြမ်းဖက်သူပုန်တွေကိုလည်း အခွန်အခ မရရှိအောင် လုပ်လိုက် သလိုမျိုး ဖြစ်ပါတယ်။

-

ဒါကြောင့်မို့ အမြဲအနိုင်ကျင့်ခံနေရတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးကို ပြန်မဖွင့်ပေးဘဲ ယူနန်တရုတ်တွေကို မှတ်လောက်သားလောက်အောင် ပညာပေးလို့ရမယ့် အခွင့်အရေးကို အသုံးချသင့်ပါတယ်။

-

ကိုယ်နိုင်ငံက ဓနအင်အားနည်းပြီး အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အစိုးရအနေနဲ့ စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရပေမယ့် ယူနန်တရုတ်တွေရဲ့ အနိုင်ကျင့်စော်ကားမှုတွေကို လက်မခံဘဲ အခုလို နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ဆိုင်းရခြင်းရဲ့ အဓိကတရားခံဟာ အကြမ်းဖက်သူပုန်များ သာဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံတန်းတူဆက်ဆံရေးဆိုတာ အစိုးရအချင်းချင်းသာ ဆက်ဆံရတဲ့ ဆက်ဆံရေးမျိုးသာဖြစ်ကြောင်း ခပ်တင်းတင်းလေး တုံ့ပြန်သင့်တယ်လို့ ထင်မြင်ယူဆရပါတယ်။

Crd. ခင်ညိုချော

2 Comments

  1. အခုဆောင်းပါးပါအကြောင်းအရာတွေ အားလုံးမှန်ပါ၍အမျိုးသားရေးအမြင်ဖြင့်အပြည့်ဝ(အပြည့်ဝ)လုံးဝထောက်ခံပါတယ်။

    ReplyDelete
  2. ပြည်သူတစ်ရောက်အနေ နဲ့ပြောရ ရင် မြန်မာ့အရေး ကိုတရုပ်ကဝင်ရောက်စွတ်ဖက်နေတာကို မကြိုက်ပါဘူး နောက်တခုက သူမွှေးထားတဲ့ မြောက်သုံးကောင်ကို သူဘဲ ထောက်ပဲ့နေတာ အသိသာကြီးတွေ့နေရတယ် ပြီးတော့ ကုန်သွယ်မူ့မှာ သူ့ဘက်ကဘယ်လောက်ထိခိုက်ထိခိုက် မြန်မာနိုင်ငံကိုဖိအားလာပေးနေတာ မကြိုက်ပါဘူး သူပြောသလိုလိုက်လုပ်စရာ ဘာသောက်ကြောင်းမှမရှိပါဘူး ဆွေးနွေးစရာလဲ မလိုအပ်ဘူးလို့မြင်ပါတယ် မြောက်သုံးကောင်ကို နေရာပေးချင်နေတာလို့မြင်ပါတယ် အဲ့တော့လက်မခံပါနဲ့ လို့ဘဲ ပြောချင်တာ

    ReplyDelete
Previous Post Next Post