သတ္တိအရာမှာ စံနမူထိုက်တဲ့ ကံထူးမ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ

Views


ရဲအုပ် **** ရဲတပ်ဖွဲ့ဝင်အင်အားအနည်းငယ်သာရှိတဲ့ တန့်ဆည်မြို့နယ် ကံထူးမကျေးရွာရှိ ရဲစခန်းကို အကြမ်းဖက် KIA+CDF+PDF ပူးပေါင်းအဖွဲ့များမှစနိုက်ပါများ၊ ဒရုန်းများအပါဝင် အင်အားအလုံးအရင်းနဲ့ ယနေ့ နံနက် ၁ နာရီခွဲခန့်မှာ အင်အား ၃၀၀ ရောက်နဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။

-

ဒီလိုလာရောက်တိုက်ခိုက်တဲ့ အကြမ်းဖက်သမားတွေကို ရဲစခန်းမှူး ရဲအုပ်***နှင့် ရဲတပ်ဖွဲ့ဝင်များမှ သူရဲဘောမကြောင်ဘဲ ရဲရဲရင့်ရင့် တန်ပြန်ချေမှုန်းခဲ့ပါတယ်။

-

အင်အား ၃၀၀ ခန့်ရှိတဲ့ အကြမ်းဖက်သမားဟာ နံနက် ၁ နာရီခွဲမှ ၅ နာရီခန့်အချိန်အတွင်းမှာ ရဲစခန်းကို အကြိမ်ကြိမ်တက်လုံးခဲ့ပေမယ့် ရဲစခန်းအတွင်းမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်များရဲ့ ရွံ့ရွံချွန်ချွန်ခုခံမှုကြောင့် အကြမ်းဖက်သမားများရှေ့မတိုးနိုင်ပဲ ရှိနေခဲ့ပါတယ်။

-

ဒီလိုတိုက်ပွဲဖြစ်နေချိန် ရဲအုပ် *** ဟာ ရန်သူအင်အားများပြားတဲ့အတွက် နမခတိုင်းစစ်ဌာချုပ်သို့ ဆက်သွယ်ကာ လေကြောင်းပစ်ကူနဲ့ စစ်ကူစေလွတ်ပေးရန်တင်ပြတောင်းခံခဲ့ပါတယ်။ ဒီလိုစစ်ကူ/ပစ်ကူ တောင်းခံမှုကြောင့် တိုင်းစစ်ဌာနချုပ်မှလေကြောင်းပစ်ကူပေးရန် တိုက်လေယာဉ်များချက်ချင်းစေလွှတ်ကာ နံနက် ၅ နာရီကျော်လောက်မှာပစ်ကူပေးခဲ့သလို မြေပြင်မှလည်း စစ်ကူတပ်များစေလွှတ်ခဲ့ပါတယ်။

-

အကြမ်းဖက်သမားများဟာ ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ချိန်မှာ မိမိဘက်မှ စစ်ကူလာနိုင်လမ်းကြောင်းကို ဖြတ်တောက်ထားတဲ့အတွက်စစ်ကူအဖွဲ့များဟာလည်းရှေ့မတိုးနိုင်ဖြစ်နေခဲ့ပါတယ်။

-

ရဲစခန်းအတွင်းမှာရှိတဲ့ ရဲအုပ်***နှင့် ရဲတပ်ဖွဲ့ဝင်များဟာ ရန်သူရဲ့ တိုက်စစ်ဆင်လာမှုကို ကြံ့ကြံ့ခိုင်တောင့်ခံပေမယ့်လည်း အဆမတန်များပြလှတဲ့ ရန်သူ့တိုက်စစ်ကို မထိန်းနိုင်တော့ဘဲ စခန်းအတွင်းကို ရန်သူများ ဝင်ရောက်လာပါတော့တယ်။

-

ရန်သူများဝင်ရောက်လာမှုကြောင့် စခန်းအတွင်းရှိ ဘန်ကာ ၆ ခုအနက်မှ ဘန်ကာ ၄ ခုဟာ ရန်သူ့လက်အောက်ကျရောက်သွားခဲ့ပါတယ်။ ရန်သူ့လက်အောက်ကျရောက်သွားတဲ့ ဘန်ကာများတွင ်နေရာယူထားသည့် ရဲတပ်ဖွဲ့ဝင်များဟာ ကျန်ရှိနေသည့် ဘန်ကာ ၂ ခုအတွင်း ပူးပေါင်းနေရာယူကာ ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။

-

လေကြောင်းပစ်ကူပေးနေပေမယ့် ရဲစခန်းအတွင်း ရန်သူနဲ့ မိမိတို့ရဲတပ်ဖွဲဝင်များ ရောထွေးသွားတဲ့အတွက် ပစ်ကူပေးရန် ကန့်သတ်ချက်များ ရှိလာပါတော့တယ်။ ဒါ့အပြင် ရန်သူများဟာလည်း ကျန်ရှိနေသည့် ဘန်ကာ ၂ ခုအတွင်းမှ ရဲတပ်ဖွဲ့ဝင်များကို လက်နက်ချရန်နှင့် အလံဖြူထောင်ရန် ဆက်တိုက်ဖိအားပေး နေပါတော့တယ်။ ဒီလိုအခြေအနေတွေကြောင့် တပ်မတော်အကြီးအကဲများမှ ရဲအုပ်***နှင့်အဖွဲ့ကို စခန်းမှဆုတ်ခွာရန် အမိန့်ပေးခဲ့ပါတယ်။

-

ယခုလိုစခန်းမှ ဆုတ်ခွာရန် အမိန့်ပေးတာကို ရဲ***မှ “စခန်းကနေဆုတ်ခွာမှာ မဟုတ်သလိုရ န်သူကို အညံ့ခ ံမှာလည်း မဟုတ်ကြောင်း၊ ရန်သူကို ရသလောက် ဆွဲခေါ်သွားမှာဖြစ်ကြောင်း”ပြန်လည် တင်ပြခဲ့ပါတယ်။

-

နောက်ဆုံးအခြေအနေကိုရောက်ရှိနေတဲ့အတွက် ရဲအုပ် *** ဟာ ၎င်း၏ဇနီးဖြစ်သူထံဖုန်းဆက်ပြီး

“မိန်းမရေ ငါတော့ နောက်ဆုတ်တောဘူး သူသေကိုယ်သေချရတော့မယ်၊ငါမရှိတော့ရင် ငါ့မိဘနဲ့ ကလေးတွေကို သေချာစောင့်ရှောက်ပါ”ဆိုပြီး နောက်ဆုံး နုတ်ဆက်စကားပြောချိန် ရဲအုပ်၏ ဇနီးဖြစ်သူကလည်း “ ယောက်ျားရေ အကြမ်းဖက်သမားတွေဆီမှာ ဘယ်တော့မှ လက်နက်ချဖို့ အလံဖြူမထောင်ပါနဲ့၊ ရှင့်မိဘတွေနဲ့ ကလေးတွေကို ကျွန်မ စောင့်ရှောက်မယ် မပူနဲ” ဆိုပြီး ယောက်ျားဖြစ်သူကို အားပေးခဲ့ပါတယ်။

-

ရဲအုပ်***နှင့်ရဲတပ်ဖွဲ့ဝင်များဟာ နုတ်ဆက်စရာရှိတာများ နုတ်ဆက်ပြီးချိန်မှာ ၎င်းတို့ကျန်ရှိနေတဲ့ ဘန်ကာအနီးသို့ ကပ်လာသော အကြမ်းဖက်သမားများကို ဘီလူးသူရဲစီးသူလို မဲမဲမြင်ရာ အကုန်ပစ်ခတ်ချေမှုန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဝင်များရဲ့ တရစပ်ပစ်ခတ်ချေမှုန်းမှုကြောင့် အကြမ်းဖက်သမားများထိခိုက်သေဆုံးမှုများပြီး နောက်ပြန် ဆုတ်သွား ပါတယ်။

-

ဒီလိုနောက်ဆုတ်သွားတဲ့ အကြမ်းဖက်သမားများကို ရဲတပ်ဖွဲ့ဝင်များက အလွတ်မပေးဘဲ အသေခံကာ ထပ်ချပ်လိုက် ချေမှုန်းတဲ့အတွက် အကြမ်းဖက်သမားများဟာ ၎င်းတို့ရဲ့ အလောင်းများပင် မကောက်နိုင်တော့ဘဲ ကြောက်လန့်ကုန်တကြား စခန်းပေါ်မှ အကုန်ဆင်းပြေးကုန်ကြပါတော့တယ်။

-

အကြမ်းဖက်သမားများ စခန်းအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် ****နှင့်အဖွဲ့များဟာ မိမိတို့စခန်းအတွင်းအသင့်နေရာပြန်ယူကခဲ့ပါတယ်။ အထိနာသွားတဲ့ အကြမ်းဖက်သမားဟာ ရဲတပ်ဖွဲ့ဝင်များရဲ့ သတ္တိကိုမယှဉ်နိုင်ဘဲ စခန်းပေါ်မှ ပြန်ဆင်းပြေးခဲ့ရသလို စစ်ကူစစ်ကြောင်းများ နီးကပ်လာတဲ့အတွက် ကံထူးမ ရဲစခန်းကို ထပ်မံမတိုက်ခိုက်ရဲတော့ဘဲ ထိခိုက်မှုများစွာဖြင့် အကုန်ထွက်ပြေးသွားကြပါတော့တယ်။

-

လက်ရှိအချိန်မှာတော့ ကံထူးမရဲစခခန်းကို စစ်ကူစစ်ကြောင်းများရောက်ရှိသွားပြီဖြစ်ပြီး ဆုတ်ခွာသွားတဲ့ရန် သူကို လိုက်လံချေမှုန်းလျက်ရှိပါတယ်။ ဒီတိုက်ပွဲမှာ သူရဲဘောမကြောင်ဘဲ ခေါင်းဆောင်မှုကောင်းကောင်းနှင့် မိမိအသက်ကိုပဓဏမထားဘဲ တိုက်ပွဲဝင်ခဲ့တဲ့ကံထူးမ ရဲစခန်းမှ ရဲအုပ်ကို ဒုရဲမှူး အဆင့်သို့လည်းကောင်း၊ အခြားရဲတပ်ဖွဲ့ဝင်များအားလုံးကို စစ်မြေပြင် တစ်ဆင့်မြင့်ရာထူးတိုးပေးကာ တပ်မတော်အကြီးအကဲများမှ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

-

ယခုအချိန်ဆိုရင် ကံထူးမရဲစခန်းမှ သူရဲကောင်းများ သူတို့ရဲ့ အိမ်သူသက်ထားတွေ ဂုဏ်ယူစွာ ဖုန်းပြောနေလောက်ကြပြီ ထင်ပါရဲ့… သူရဲကောင်းစိတ်ဓာတ်က အသက်ကိုပိုရှည်စေတယ်။ လက်တင်အလေးပြုလိုက်ပါတယ် ကိုလှရွှေတို့ရေ…။

7 Comments

  1. လေးစားလိုက်တာ ဗျာ။

    ReplyDelete
  2. ဂုဏ်ယူပါတယ်ဗျာ

    ReplyDelete
  3. လေးစားဂုဏ်ယူ စံနမူနာယူပါတယ်ဗျာ

    ReplyDelete
  4. လေးစားပါတယ် ရဲတပ်ဖွဲ့ဝင်များ

    ReplyDelete
  5. ရဲအုပ်ကတော် ကိုလေးစားပါတယ်

    ReplyDelete
  6. ကျည် ၁တောင့် တစ်ယောက်ခြင်းကို
    အမှည့်ခြေတာကို အကြိုက်ဆုံးပဲဗျာ
    အစဥ်ထာဝရ လေးစားပါတယ် ရဲတပ်ဖွဲဝင်များကို

    ReplyDelete
  7. 🕴စံထားလောက်တဲ့ တပ်ဖွဲ့ဝင်တွေကို အစဥ်အမြဲ လက်တင်အလေးပြုလျှက်ပါ

    ReplyDelete
Previous Post Next Post