" တ ရုတ် မ ပါ ဘူး တဲ့ လား "

Views


ရှမ်း မြောက် မှာ ဖြစ် တဲ့ မြောက် သုံး ဖွဲ့ စစ် အ ကြောင်း ပြော ရင် တ ရုတ် မ ပါ ဘူး ဆို တဲ့ ဖက် တစ် ဖွဲ့ က ရှိ နေ တယ် ။



တ ရုတ် ပါ မ ပါ က တော့ ကိုယ် တိုင် ဉာဏ် နဲ့ သာ တွေး တော့ ။ ကိုယ် က တော့ ဖြစ် နေ တာ ကို သာ ရေး ပြ တော့ မယ် ။



ယူ နမ် ပြည် နယ် အုပ် ချုပ် ရေး မှူး က နယ် စပ် ကုန် သွယ် ရေး ပြန် ဖွင့် ဖို့ ဖေ ဖ ဝါ ရီ လ ၂၀ ရက် နေ့ က လာ ညှိ တယ် လို့ ဆို တယ် ။



သူ က ကုန် သွယ် ရေး ဝန် ကြီး နဲ့ လည်း တွေ့ ခဲ့ တယ် ။



မူ ဆယ် နယ် စပ် ကုန် သွယ် ရေး ရဲ့ အ ဓိ က အ ကျ ဆုံး မူ ဆယ် ၊ ပန် ဆိုင်း ၊ ၁၀၅ မိုင် ၊ ကျင် စန်း ကျော့ တို့ ကို ​သူ ပုန် အ ဖွဲ့ တွေ သိမ်း ထား တယ် ။ မူ ဆယ် လား ရှိုး လမ်း တစ် လျှောက် သိ န္နီ အ ထိ ကိုး ကန့် တို့ သိမ်း ထား တယ် ။



ဘယ် လို ပုံ နဲ့ ကုန် သွယ် ရေး လုပ် မ လဲ ။



တ ရုတ် လာ လုပ် တာ က သိ န္နီ အ ထိ သူ ပုန် အ ခွန် ယူ ၊ လား ရှိုး က စ ပြီး မြန် မာ အ စိုး ရ အ ခွန် ယူ ဆို တဲ့ ပုံ စံ မျိုး လာ လုပ် တာ ပါ ။



တ ရုတ် လုပ် တာ ကို လက် ခံ လိုက် ရင် တစ် သက် လုံး မြန် မာ နိုင် ငံ က ရှမ်း ပြည် မြောက် ပိုင်း ကို တ ရုတ် လက် ဝေ ခံ တွေ ဆီ ပေး လိုက် ရ တော့ မယ် ။ ပြန် တိုက် ယူ မယ် ဆို ရင် ငြိမ်း ချမ်း ရေး ကို ဖျက် စီး ပါ တယ် လို့ စွတ် စွဲ ခံ ရ လိမ့် မယ် ။



အဲ့ ဒါ ကို လက် ခံ လိုက် ရင် ရ ခိုင် က လည်း အဲ့ လို လုပ် တော့ မယ် ၊ က ရင် က လည်း အဲ့ လို လုပ် တော့ မယ် ၊ ချင်း မွန် က ယား အ ကုန် အဲ့ ဒီ အ တိုင်း လိုက် လုပ် ကြ တော့ မယ် ။



မြောက် ပိုင်း စစ် မှာ တ ရုတ် မ ပါ ဘူး ငြင်း နေ လဲ နောက် ဆုံး တ ရုတ် ဆွဲ ထား တဲ့ လမ်း ကြောင်း အ တိုင်း ပဲ ပုံ ဖော် လာ တာ မြင် ကြ ရ ပြီ ပဲ ။



ရှမ်း ပြည် မြောက် ပိုင်း သူ ပုန် တွေ ကိ စ္စ မ ပြီး သေး ခင် တ ရုတ် တို့ အ ခု လို မ တောင်း ဆို သင့် ဘူး ။



တ ရုတ် က မြန် မာ နယ် စပ် မှာ ခ ဏ ခ ဏ အ နှောက် အ ယှက် ပေး နေ တဲ့ သူ့ လက် ဝေ ခံ လက် နက် ကိုင် တွေ အ တွက် မြန် မာ နိုင် ငံ ကို သူ့ စိတ် ကြိုက် ခွဲ ပေး ခဲ့ ပြီး မြန် မာ အ စိုး ရ ကို မင်း တို့ ကို ငါ ကူ ညီ ထား တယ် အ ခု ငါ ခိုင်း သ လို လုပ် လို့ လာ ပြော သ လို ပါ ။



မြန် မာ နိုင် ငံ ကို တ ရုတ် စိတ် ကြိုက် ပုံ ဖော် နေ တယ် ။



အာ ဏာ ရ ယူ ထား တဲ့ အိမ် စောင့် အ စိုး ရ ဘယ် လို တုံ့ ပြန် မ လဲ က စိတ် ဝင် စား ဖို့ ကောင်း တယ် ။



မြန် မာ နိုင် ငံ က မီး ဖို ချောင် နိုင် ငံ ဖြစ် တယ် ။ nld အ စိုး ရ လက် ထက် မှာ လည်း မီး ဖို ချောင် နိုင် ငံ ဖြစ် အောင် လုပ် ဖို့ ရေး ခဲ့ ဖူး တယ် ။



မီး ဖို ချောင် နိုင် ငံ က ဘယ် တော့ မှ မ ငတ် ဘူး ။ သူ များ ကို ရောင်း လို့ မ ရ ရင် ကိုယ့် နိုင် ငံ ထဲ ပို တောင် ဈေး ကျ တယ် ။ ဓာတ် မြေ သြ ဇာ ဖိုး ၊ သူ ရင်း ငှား ဖိုး မ ကိုက် ဘူး ဆို နောက် နှစ် မ စိုက် ကြ ဘဲ ကိုက် တဲ့ သီး နှံ ပြောင်း စိုက် ကြ လိမ့် မယ် ။



မီး ဖို ချောင် နိုင် ငံ က မ ရောင်း ရင် ဝယ် စား နေ ရ တဲ့ သူ တွေ ငတ် ပြီ ။



တ ခြား ကိ စ္စ တွေ ဆက် စပ် တွေး ရင် တော့ တ မျိုး ပေါ့ ။ လော လော ဆယ် တ ရုတ် ချ ပေး တဲ့ ပုံ စံ အ တိုင်း မြန် မာ တွေ လိုက် နာ မ လား ဆို တာ အ ပေါ် မှာ ပဲ ပြော ပါ မယ် ။



တ ရုတ် ပြည် ယူ နမ် က ကုန်း တွင်း ပိတ် ဖြစ် ပြီး အ စား အ စာ က အ စ လို အပ် ချက် တွေ ကို မြန် မာ နိုင် ငံ က ဈေး ပေါ ပေါ နဲ့ ရ နေ ခဲ့ တယ် ။ မြန် မာ ကုန် သည် တွေ က လည်း အ ချင်း ချင်း မ ညီ ကြ တော့ ကိုယ့် ရောင်း ကုန် ကို ဈေး ရ အောင် မ လုပ် နိုင် ကြ ဘူး ။



တ ကယ် လို့ မြန် မာ ကုန် သည် တွေ ညီ ညွတ် ပြီး စား သောက် ကုန် တွေ ကို မ ရောင်း ဘူး ကွာ ဆို ရင် ယူ နမ် ပြည် နယ် က တ ရုတ် ပြည် အ ရှေ့ ပိုင်း က ကုန် တွေ ကို ပြည် မ ကြီး ဖြတ် ဈေး ကြီး ပေး ဝယ် ရ လိမ့် မယ် ။



မြန် မာ နိုင် ငံ က ထွက် ကုန် ( အ ထူး သ ဖြင့် စား သောက် ကုန် ) ကို နှစ် နဲ့ ချီ ပြီး မ ရောင်း ဘူး ကွာ ( လို အပ် ရင် လုံး ဝ မ ရောင်း ဘူး ) ဆို ရင် ယူ နမ် ပြည် နယ် အ ခက် ဖြစ် ပြီ ပေါ့ ။



တ ရုတ် ကို မ ရောင်း ရ ရင် တ ခြား နိုင် ငံ ကို ရ အောင် ရောင်း ပေါ့ ။



မြန် မာ က အ ခု အ ချိန် နယ် စပ် ကုန် သွယ် ရေး မ လုပ် ရ လို့ မြန် မာ ကုန် တွေ မ ရောင်း ရ တာ ပြည် တွင်း ပြန် ရောင်း လို့ ရ သ လို တ ခြား နိုင် ငံ တွေ ကို ဈေး ကွက် အ သစ် ရှာ လို့ လည်း ရ တယ် ။



ဒီ လို ပြော ရင် တ ရုတ် လော် ဘီ တွေ က မြန် မာ လယ် သ မား တွေ ခက် ခဲ ကုန် မှာ စိုး တယ် တို့ ၊ ကိုယ် သာ ဒု က္ခ ဖြစ် လိမ့် မယ် တို့ လာ ပြော တတ် ကြ တယ် ။ အ ခု မ ရောင်း ရ တော့ တဲ့ အ ချိန် မှာ ကော မြန် မာ လယ် သ မား တွေ ဘာ ဖြစ် နေ ကြ လဲ ။



လော် ဘီ တွေ နဲ့ တာ ဝန် ရှိ သူ တွေ ကော ဘာ တွေ လုပ် ပေး နေ ကြ လဲ ။



တ ရုတ် နယ် စပ် ပိတ် ထား ရင် ပို ထိ ခိုက် တာ ယူ နမ် ပြည် နယ် ပါ ။ အဲ့ ဒီ က ထုတ် တဲ့ အ ရည် အ သွေး မ ပြည့် တဲ့ တ ရုတ် ပ စ္စည်း တွေ ဒေါ် လာ ဘီ လီ ယံ ချီ မြန် မာ ပြည် ထဲ ရောင်း ပြီး စီး ပွား ဖြစ် နေ ကြ တာ ။ မြန် မာ နိုင် ငံ က ဘာ မှ တ ရုတ် ကို ဘာ မှ ဟုတ် တိ ပတ် တိ ရောင်း နေ ရ တာ မ ဟုတ် ဘူး ။

ရှမ်း ပြည် မြောက် ပိုင်း ကို တ ရုတ် စိတ် ကြိုက် သူ့ တ ပည့် တွေ ကို ခွဲ ပေး ပြီး မြန် မာ နိုင် ငံ မင်း ဒီ အ တိုင်း လိုက် လုပ် လို့ လာ ပြော တာ ခံ ပျင်း စ ရာ ပါ ။



မ ကျေ နပ် လို့ စစ် ဖြစ် မယ် ဆို ရင် လည်း ကိုယ့် အ ချင်း ချင်း ပြန် တိုက် နေ ကြ တဲ့ မြန် မာ တွေ ခံ ပေါ့ ။ မြန် မာ ပြည် စည်း လုံး မှု မ ရှိ လို့ တ ရုတ် စိတ် ကြိုက် လုပ် သ မျှ ခံ လာ ရ တယ် ။



တ ရုတ် ရဲ့ လုပ် ရပ် က မြန် မာ နိုင် ငံ ကို လို နီ ဘ ဝ ကို ပြန် ရောက် နေ ရ သ လို ခံ စား ရ တယ် ။



အ မှန် တော့ နယ် စပ် ကုန် သွယ် ရေး လုပ် ချင် ရင် သူ ပုန် သိမ်း ထား တဲ့ နေ ရာ တွေ ရှင်း လင်း အောင် အ ရင် လုပ် ရ လိမ့် မယ် ။



သူ ပုန် တစ် ဝက် အ စိုး ရ တစ် ဝက် ပုံ စံ တ ရုတ် တို့ လုပ် လာ တာ အ ဓိ ပ္ပါယ် မ ရှိ ဘူး ။ မြန် မာ နိုင် ငံ အ ချုပ် အ ခြာ အ တွက် သိ က္ခာ ကျ လှ တယ် ။



လက် မ ခံ ချင် လို့ လည်း ဘာ မှ တတ် နိုင် မယ် မ ထင် ပါ ဘူး ။ ပြည် သူ ညီ မှ တ ရုတ် လက် အောက် က လွတ် ရ မှာ ဆို တော့ ရေ စုံ မျော သ လို ပါ ပဲ ။



တာ ဝန် ရှိ အ ဖွဲ့ တွေ လူ တွေ က သံ တ မန် နည်း ကော အ ခြေ အ နေ ကော တွက် ဆ ပြီး ဘာ မှ မ ပြော နိုင် ကြ ပေ မယ့် လွတ် လပ် တဲ့ ပြည် သူ တစ် ယောက် အ နေ နဲ့ မ ကျေ နပ် ကြောင်း ရေး ပြ တာ ရ တယ် လို့ ယူ ဆ တယ် ။



မ ရေး စေ ချင် ရင် သ ဘော ထား မှန် နဲ့ မြန် မာ နိုင် ငံ ကို ဆက် ဆံ ပေါ့ ။



တ ရုတ် အ ပေါ် ပိုင်း တွေ က မြန် မာ နိုင် ငံ ကို လာ ပြီး ချစ် ကြည် ရေး တွေ အ ပြု သ ဘော တွေ လာ လုပ် ကြ ပေ မယ့် အောက် ခြေ မှာ မြင် နေ ရ တာ တွေ က အ ဆင် မ ပြေ လှ ဘူး ။



မျှော် မှန်း ထား သ လို မ ဖြစ် သ ရွေ့ တော့ မြန် မာ တွေ ဘယ် လောက် ခံ ရ လဲ ဆို တာ သိ ရ အောင် ရေး ပြ နေ ရ အုံး မှာ ပါ ။



( နောက် နေ့ ရု ရှား နဲ့ အ ကြောင်း ဆက် ရေး ပါ မယ် )



မိုး တင့် ဆွေ( ရန် ကုန် တ က္က သိုလ် )

1 Comments

  1. သိခွင့်​ရလို့​ကျေးဇူးပါ

    ReplyDelete
Previous Post Next Post