စိစစ်တွေ့ရှိချက်

Views


ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဂန့်ဂေါနယ်ရှိ ကျေးရွာတစ်ရွာတွင် PDF ၂ ဦးဆိုသူကို အမည်မသိအဖွဲ့တစ်ခုမှ သတ်ဖြတ်တာနှင့််ပတ်သက်၍ အကြမ်းဖက်အားပေး ခေတ်သစ်မီဒီယာနှင့် အခြားမီဒီယာများမှ တပ်မတော်နှင့် ပြည်သူ့စစ်များသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲရေးသားခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပျူစောထီးများမှ သတ်ဖြတ် သည်ဟုပြောင်းလဲကာ လိုသလိုပုံဖော်လုပ်ကြံဖန်တီးပြီး သတင်းမှား များကို ဖြန့်ဝေခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
-
အကြမ်းဖက်အားပေး ခေတ်သစ်မီဒီယာလုပ်ကြံတင်ထားသည့် ရုပ်သံဖိုင်အားစိစစ်ခဲ့ရာ ရုပ်သံဖိုင်ပါ ပြောက်ကျားဝတ်စုံတစ်ပိုင်း ဝတ်ထားသည့်လူတစ်စုမှ PDF နှစ်ဦးဆိုသူကို ဖမ်းဆီးထားသည်ကို တွေ့ရပါသည်။ အဆိုပါလူတစ်စုပါသည့် Video File အား အသေးစိတ်ကြည့်ရှုစိစစ်ရာ တပ်မတော်သားများကဲ့သို့ ယူနီဖောင်း ပြည့်စုံစွာဝတ်ဆင်ထားခြင်းမရှိသလို ၎င်းတို့လွယ်ထားသည့် သေနတ်များမှာလည်း တပ်မတော်မှ ထုတ်ပေးထားသည့် လက်နက်များမဟုတ်ဘဲ အကြမ်းဖက် PDF များအသုံးပြုနေသည့် လက်လုပ်သေနတ်များသာဖြစ်ကြောင်း တွေ့ရှိရ ပါသည်။ ဒါ့အပြင် ၎င်းတို့ဝတ်ဆင်ထားသည့် ပြောက်ကျားအင်္ကျီများတွင် ပြည်သူ့စစ်ဘက်တံဆိပ်တပ်ဆင်ထား ခြင်းမရှိသည်ကိုတွေ့ရပါသည်။
-
တပ်မတော်အနေဖြင့် ကျေးရွာနယ်မြေများရှိ ပြည်သူများကို အကြမ်းဖက် PDF များ၏ ရန်ပြုတိုက်ခိုက်ခြင်းမှ ကာကွယ်ရန်အတွက် ပြည်သူ့စစ်များဖွဲ့စည်းပေးချိန်နှင့် လေ့ကျင့်ပေးချိန်များတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် လက်မောင်းဘက်တံဆိပ် အသင့်တပ်ဆင်ချုပ်လုပ်ပြီးသား ယူနီဖောင်းများကိုသာပေးအပ်ခဲ့သလို လက်နက်တပ်ဆင် ရာမှာလည်း တပ်မတော်မှထုတ်လုပ်သည့်လက်နက်များကိုသာ တပ်ဆင်ပေးခဲ့ခြင်းသာ ရှိပါသည်။
-
သင်တန်းပေးစဉ် ကာလတစ်လျှောက်မှာလည်း ပြည်သူ့စစ်အဖြစ်ထမ်းဆောင်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပေးပြီးမှ ဖွဲ့စည်းပေးခဲ့ခြင်းသာဖြစ်သည့်အတွက် PDF နှစ်ဦးဆိုသူအား သတ်ဖြတ်သည့်လူတစ်စုမှာ မိမိတို့ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း အခိုင်အမာပြောဆိုနိုင်သလို ၎င်းတို့ရေးသားထားသည့် ပျူစောထီးအဖွဲ့ဆိုတာလည်း ဖွဲ့စည်းထားခြင်း လုံးဝမရှိပါ။
-
ယခုဖြစ်စဉ်ဖြစ်ပွားသောနယ်မြေမှာ အကြမ်းဖက် PDF အဖွဲ့မျိုးစုံ လှုပ်ရှားနေသော နယ်မြေဖြစ်သည့်အပြင် PDF အချင်းချင်း ယခင်ကတည်းက ရက်ရက်စက်စက် အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်ခဲ့ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ မကြာခဏသတ်ဖြတ်ခြင်း ခံနေရသောနယ်မြေဖြစ်ပါသည်။
-
သို့ဖြစ်သောကြောင့် PDF နှစ်ဦးဟု ခေတ်သစ်မီဒီယာမှထုတ်လွင့်ခဲ့သူ လူနှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အကြမ်းဖက်အားပေးမီဒီယာများတင်ထားသည့် သတင်းများမှာ ၎င်းတို့လိုသလိုပုံဖော်ကာ စွပ်စွဲလုပ်ကြံထားသည့် သတင်းများသာဖြစ်ပြီး မိမိတို့တပ်မတော်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်မှုမရှိကြောင်း အသိပေးအပ်ပါသည်။

Post a Comment

Previous Post Next Post