ယူနန် အစိုးရရဲ့ ရပ်တည်ချက် ဘာလဲ? ဘယ်လဲ?

Views


ရှမ်းမြောက်မှာ ကိုးကန့် MNDAA ဦးဆောင်တဲ့ (၁၀၂၇) စစ်ဆင်ရေး ယာယီတန့်ထားချိန်...၊ ရခိုင်မြောက်ဘက်တကြောလုံးမှာ AA လက်နက်ကိုင်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွား နေချိန်မှာ ကိုယ်တွေဆီကို ရုရှားကိုယ်စားလှယ်အဖွဲ့တွေ ရောက်လာတယ်။ တဖက်မှာ ယူနန်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေလည်း ရောက်လာတာတွေ့ရသလို နိုင်ငံခြားရေးမှာ တည်တည်ငြိမ်ငြိမ် ဆက်ဆံတတ်တဲ့ အိန္ဒိယက စစ်ဘက်ဆိုင်ရာ အဆင့်မြှင့်ကိုယ်စားလှယ်တွေလည်း ရောက်လာကြတာ တွေ့ရတယ်။ ဒါပေမယ့် ရောက်လာရတဲ့ ရည်ရွယ်ချက်တွေကတော့ မတူညီကြဘူး။

---

ယူနန်ပြည်နယ်နဲ့ မြန်မာကြားမှာ အဓိက ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ချင်းရွှေဟော်၊ ကွမ်းလုံနဲ့ မူဆယ်၊ ကွတ်ခိုင်ဒေသတွေကို ရှမ်းမြောက် မဟာမိတ်တွေက အသီးသီး ချုပ်ကိုင်ထားချိန်မှာ စီးပွားရေးထိခိုက်ရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့.... ကိုယ်တွေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဆုံးရှုံးမှုကို လစ်လျူရှုပြီး ကုန်သွယ်ရေးလမ်းတွေ ဖွင့်ဖို့ ကြိုးစားတာက အတော်လေး ခံစားရခက်စေတယ်။

----

ဒီနေရာမှာ သံတမန်ရေးအရ အစိုးရအချင်းချင်းဆက်သွယ်မှုရှိတာကို ကြိုဆိုရမယ် ဆိုပေမယ့် ငါတို့စီစဉ်သလို လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုး ဇာတ်သွင်းလာတာသလို ခံစားရတယ်။ ပွင့်ပွင့်လင်းလင်း ဆိုရရင် လက်ရှိ လက်နက်ကိုင်တွေ ချုပ်ကိုင်ထားတဲ့ မြို့နယ်တွေကို တပ်မတော်အနေနဲ့ လက်လွှတ်လိုက်ပါလို့ မပြောရုံတမယ်ပဲ။ တကယ်လို့ ကိုယ်တွေဘက်က အစိုးရနဲ့ ယူနန်ဘက်က အစိုးရတွေအနေနဲ့ ဒီကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ပွင့်ဖို့ ကြိုးစားကြတဲ့အခါမှာ တရုတ်+မြန်မာ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ဆိုပြီး သုံးပွင့်ဆိုင် ဆိုတဲ့ အခြေအနေကြီးဖြစ်လာခဲ့ပြီ။ စီးပွားရေးအရ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပွင့်ဖို့ ကြိုးစားတာက ကြိုဆိုရမယ့် ကိစ္စပါပဲ။ ဒါပေမယ့် လက်နက်ကိုင်တွေကိုပါ နေရာပေးဖို့ စီးပွားရေးအကြောင်းပြပြီး ကြိုးစားတာက တော့ တဆိတ်လွန်နေသလားလို့ တွေးမိတယ်။





(နရီမိုး)

1 Comments

  1. သတင်းတွေစုံလို့ဖတ်ရတာအားရပါတယ်
    ၀၉၆၈၄၃၈၉၇၈၇

    ReplyDelete
Previous Post Next Post