၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ

Views




• ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၃ ရက်အတွင်း ကျောက်ဖြူမြို့လေဆိပ်တွင် AA နှင့် ဆက်စပ်သူအမျိုးသား ၁ ဦးသာ ဖမ်းဆီးခြင်းရှိခဲ့ပြီး အခြားခရီးသွားပြည်သူများအား ဖမ်းဆီးထားခြင်းမရှိပါဘဲ Mizzima မှ အမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားပြီး ရွံ့မုန်းစေရန် အပုတ်ချကာကာ ကလိမ်ကကျစ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းတွင် စကစတပ်ဗျူဟာမှူးမှ မွတ်စလင်များကို စစ်မှုထမ်းရမည်ဟု ပြောဆိုခြင်းမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ရဲ့ စည်းကမ်းချက်များပင် မသိရှိဘဲ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားပြီး ရွံ့မုန်းစေရန် ရည်ရွယ်ချက်ဖြင့် အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင်များ စနိုက်ပါနဲ့ပစ်ခံရလို့ ၂ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ကာ အမြတ်ထုတ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ မြိုင်မြို့နယ်၊ မြိုင်မြို့နှင့် စက်မှု ၂ အကြားတွင် စကစတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရလို့ ကား၁ စီးပျက်စီးကာ အများအပြား ထိခိုက်ဒဏ်ရာရတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ ရေးမြို့နယ်ရှိ စကစတပ် စကခ(၁၉) နေရာအား KNU/ PDF အဖွဲ့မှ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ဒရုန်း ၁ စီးအား သိမ်းဆည်းရရှိခဲ့ပြီး ရေးတံတားဂိတ်တွင် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ရဲ ၂ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ ပုဏ္ဏားကျွန်းမြို့အပြင်တွင် စကစတပ် ခမရ(၅၅၀)ရှိပြီး မြို့အတွင်းသို့ ဝင်ရောက်ခြင်းမရှိဘဲ မြို့တွင်းလူနေရပ်ကွက်များတွင် AA အဖွဲ့များသာ အခြေပြုခိုအောင်းနေထိုင်လျက်ရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ ပြည်သူပိုင်နေအိမ်များကို အကာအကွယ်ပြုနေတဲ့ AA အဖွဲ့ရဲ့ ယုတ်မာတဲ့လုပ်ရပ်ကို DVB TV News မှ အမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင်များက လူနေရပ်ကွက်များကို ဝင်ရောက်မီးရှို့ပါတယ်ဆိုပြီး အများပြည်သူများ မုန်းတီးလာအောင် အောက်တန်းကျစွာ ဗြောင်လိမ်ပြီးရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဧရာဝတီတိုင်း၊ ငရုပ်ကောင်းမြို့နယ်အတွင်းတွင် စကစတပ်ဖွဲ့ဝင်များအနေဖြင့် တရားခံပြေး ၂ ဦးကိုသာ ဖမ်းဆီးခြင်းရှိခဲ့ပြီး မည်သည့်ဒေသခံများကိုမှ ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Ayeyarwaddy Times မှ အမှန်မရေးဘဲ အများပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေကို ယုံကြည်မှုအားနည်းစေရန် ရည်ရွယ်ချက်ဖြင့် စကစတပ်ဖွဲ့ဝင်များကို အပုတ်ချကာ ဗြောင်လိမ်ပြီးရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ စစ်တွေမြို့လေဆိပ်တွင် စကစတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအရ စစ်ဆေးခြင်းဖြစ်ပြီး ခရီးသည်များကို ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း၊ ကျောက်ဖြူမြို့လေဆိပ်တွင် AA နှင့် ပတ်သက်သူ ၁ ဦးသာဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ RFA မှ အမှန်အတိုင်းမရေးဘဲ ကောလာဟလများသတင်းများရေးကာ အများပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေကို ယုံကြည်ထောက်ခံမှုယုတ်လျော့စေရန် ရည်ရွယ်ချက်ဖြင့် စကစတပ်ဖွဲ့ဝင်များကို အပုတ်ချ၍ ဗြောင်လိမ်ပြီးရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၇ ရက်နေ့၌ ကလေးမြို့နယ်၊ အောင်မြင်သာကျေးရွာတွင် ဒရုန်းဗုံးသီးပေါက်ကွဲပြီး ကလေးငယ်တွေ ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်မရှိသော်လည်း RFA မှ စကစတပ်ဖွဲ့ဝင်များကို အပုတ်ချ၍ အခြေအမြစ်မရှိ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။


FACT-CHECK
https://t.me/factcheckmm
 

Post a Comment

Previous Post Next Post