လားရှိုးမြို့ပေါ်မှာ ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

Views


 

ဖေဖော်ဝါရီ ၁

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်၈ နမ့်ခုံးဆေးတိုက်အနီးမှာ ဒီကနေ့ ညနေ ၄နာရီဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
-
လားရှိုးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ၃၀ရက်ကလည်း ဗုံးပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးနဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
-
ဒီဖောက်ခွဲမှုကို KIA TNLA နဲ့ PDF ထဲက ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
-
လားရှိုးမှာ PDF KIA နဲ့ TNLAလက်နက်ကိုင်အဖွဲ့တွေက ဈေးဆိုင်တွေ၊ ဟိုတယ်တွေဆီ ဆက်ကြေးတောင်းတဲ့ စာတွေ ပို့လေ့ရှိပြီး သတ်မှတ်ချိန်အတွင်း ဆက်ကြေးမပေးပါက ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Post a Comment

Previous Post Next Post