ဗမာတွေကြီးစိုးတယ်ဆိုတဲ့မြို့တွေမှာ
ကြိုက်တဲ့ဘာသာစကားကို လွတ်လပ်စွာပြောခွင့်ရှိပေမယ့် တိုင်းရင်းသား
ဒေသအတော်များများမှာ ဗမာစကားကို လက်လွတ်စပါယ်ပြောလို့မရဘူး.
(ငါဗမာလူမျိုး
ဘယ်နေရာသာသလဲ...?)
-
ကျွန်တော်
ရှမ်းမြောက်မှာ နေခဲ့တုန်းက ဗမာမုန်းတီးရေး စိတ်အခံရှိတဲ့ ရွာကြီးတစ်ရွာမှာ
သွားနေခဲ့ရတယ်... အဲ့ဒီရွာကို ရောက်ရောက်ချင်း ဗမာစကားကို အဲ့ဒီရွာသားတွေရှေ့မှာ
လက်လွှတ်စပယ် မပြောဆိုမိဖို့ သူငယ်ချင်းတွေက ရောက်ရောက်ချင်းသတိပေးတယ်...
-
ဘာဖြစ်လို့လဲဆိုတော့
လောလောဆယ် မင်းက မျက်နှာစိမ်းမို့တဲ့ မသိတဲ့သူတွေရှေ့မှာ အပြောအဆိုအနေအထိုင်
ဆင်ခြင်လို့ သူငယ်ချင်းတွေက သတိပေးတယ်....
-
ရွာကိုရောက်ရောက်ချင်း
အရင်ဆုံး ကျွန်တော်သွားခဲ့တဲ့ နေရာတွေကတော့ ခရစ်ယာန်ဘုရားကျောင်းနှင့် ရွာထဲက
ဗီဒီယိုရုံပဲ ဖြစ်ပါတယ်.... ဤနေရာတွေကနေ မိတ်ဆွေရှာမယ် ယုံကြည်မှုတွေ တည်ဆောက်မယ်
ရွာရဲ့ဓလေ့စရိုက်တွေကို လေ့လာမယ်ပေါ့....
-
နောက် ၃ လ
လောက်ကြာလာတော့ ရွာထဲက လူတွေနဲ့ အတော်မျက်နှာတန်းမိလာပါတယ်.... အဲ့ဒီမှာ
ကချင်တိုင်းရင်းသားများဖြစ်တဲ့ မော်ဒူးနှင့် ဇော်ဒူး ဆိုသည့် ညီအစ်ကို
နှစ်ယောက်နှင့် မိတ်ဆွေစဖြစ်ကြတယ်... အခြား ရှမ်းတိုင်းရင်းသားတွေနဲ့လည်း
ခင်ခင်မင်မင်ဖြစ်လာပါတယ်...
-
ထူးဆန်းတာက အဲ့ဒီ
ရွာကြီးဟာ တစ်ချိန်က ရှမ်းတိုင်းရင်းသားတွေ အခြေပြုတည်ဆောက်ခဲ့တဲ့ရွာကြီး
နောက်တော့ ကချင်တိုင်းရင်းသားတွေက အများစုဖြစ်လာသလို KIA ရဲ့
အမာခံရွာကြီးဖြစ်လာတယ် ဆိုပါစို့....
-
လနှင့်ချီကြာလာတော့
မော်ဒူးနှင့် ဇော်ဒူးတို့ ညီအစ်ကိုနှင့် ကျွန်တော်ဟာလည်း မိတ်ဆွေကနေ ညီအစ်ကို
အရင်းတွေလို ဖြစ်သွားပြီး သူတို့ညီအစ်ကိုနှစ်ယောက်က မန္တလေးကို
ရောက်ဖူးချင်တယ်ဆိုတာနဲ့ ကျွန်တော်က အကုန်ကျခံပြီး မန္တလေးကို အလည်ခေါ်လာတယ်...
သူတို့ရဲ့ ဗမာမုန်းတီးရေး အစွဲကို ချွတ်ချင်တာလဲ ပါတာပေါ့...
-
သူတို့နှစ်ယောက်နှင့်အတူ
လမ်းခရီးမှာ လားရှိုးမရောက်ခင်အထိ အကြိမ်ပေါင်း ၅ ကြိမ်လောက် လမ်းမှာ အစစ်ဆေး
ခံရတယ်... စစ်ဆေးတဲ့အချိန်ဆို ယာဉ်ပေါ်ပါခရီးသည်တွေ အကုန်လုံး ယာဉ်အောက်ကို
ခဏဆင်းပေးရတယ် .. အစစ်ဆေးခံရတယ်အလှည့်ကျ တန်းစီရတယ် သူတို့နှစ်ယောက်ကို ပြောပြတယ်
တွေ့လား ငါလဲနင်တို့လို အစစ်ဆေးခံရတာပဲ..
(ငါဗမာ
ဘယ်နေရာ သာသလဲလို့...?)
-
လမ်းခရီးမှာ
ထမင်းအတူတူစားတယ် ဟင်းကိုလည်း ပုံစံတူ မှာစားတယ် ပြီးလျှင် ပိုက်ဆံရှင်းတဲ့အခါ
သူတို့ကိုပြတယ်... တွေ့လား နင်တို့ စားတာလဲ တစ်ပွဲ ၈၀ (အဲ့ဒီ အချိန်က ထမင်းအဝစား
တစ်ပွဲ ၈၀ကျပ်)ငါစားတာလဲ တစ်ပွဲ ၈၀
(ငါဗမာ
ဘယ်နေရာသာသလဲ .. ?)လို့
မေးမိတော့ နှစ်ယောက်လုံးက ပြုံးပြုံးကြီးကြည့်ကာခေါင်းငြိမ့်ကြတယ်...
-
ဒီလိုနဲ့
မန္တလေးကိုရောက်ရောက်ချင်းသူတို့ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပေမဲ့
မဟာမြတ်မုနိဘုရားကြီးကို အရင်သွားမယ်ဆိုလို့ လိုက်ပို့ဖြစ်တယ်... မန္တလေးက အထင်ကရ
နေရာတွေ လိုက်ပို့တယ် ရုပ်ရှင်သွားကြည့်တယ် အတူတူ ရုပ်ရှင်လက်မှတ်တန်းစီဝယ်တယ်
ပြီးလျှင် သူတို့ကို ပြောပြတယ်...
(ငါဗမာ
ဘယ်နေရာသာသလဲလို့...?)
-
ဒါတွေတင် ဘယ်ကမလဲ
မန္တလေးက နာမည်ကြီး ကချင်ရိုးရာအစားအစာတွေ ရောင်းတဲ့ကချင်ဆိုင်တွေကို ခေါ်ပြတယ်...
တွေ့လား ဒီဆိုင်ကို လာအားပေးတာ ဗမာတွေချည်းပဲဆိုပြီးပြတယ် တို့ဗမာတွေက ဒီဆိုင်က
ခေါင်ရည်ကို ကြိုက်လို့ တကူးတကကို လာအားပေးကြတာနော် ဒါကချင်လူမျိုးဆိုင်ဆိုပြီး
ဘယ်သူမှ ရှောင်မသွားဘူး တွေ့တယ်နော်လို့သူတို့ကို ပြောပြလိုက်တော့
သူတို့မျက်နှာလေး တစ်ချက်ညှိုးသွားပြီး ခေါင်းငြိမ့်ရှာတယ်...
-
ဘာဖြစ်လို့ မျက်နှာ
ပျက်သွားတာလည်းလို့ ကျွန်တော်မေးမိလိုက်တယ် အိမ်ကို လွမ်းလို့လား နေမကောင်း
လို့လားလို့ မေးမိလိုက်တော့... မဟုတ်ပါဘူး အစ်ကိုရယ် ငါတို့ထင်ထားတာနဲ့ တစ်ခြားစီ
ဖြစ်နေလို့ပါ..... ငါတို့ နင်တို့ဗမာတွေအပေါ်မှာ မုန်းတီးစိတ်တွေများခဲ့တယ် ငါတို့
မန္တလေးကို ရောက်လာတော့ ငါတို့ထင်နေသလို တစ်ခုမှ မဟုတ်ဘူး ဗမာတွေက ငါတို့ထက်
သဘောထားပြည့်ဝလွန်းလို့ ငါတို့အမှားကိုငါတို့ ခံစားမိလို့ပါတဲ့...
-
ကဲကဲ ထားပါတော့
စိတ်မကောင်း ဖြစ်မနေနဲ့ .. သွားကြမယ်ဆိုပြီး ၃၅ လမ်းထဲက နာမည်ကြီး ရှမ်းတိုင်းရင်းသားဆိုင်တွေကိုလဲ
သွားထိုင်ပြီး ဗမာတွေအကြောင်းကို သူတို့ကို ပြောပြလိုက်တယ်...
-
တကယ်တော့
နင်တို့ငါတို့ဟာ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုတွေဖြစ်တယ်....
စနစ်အမှားတွေ အတ္တတွေကြောင့်သာ မငြိမ်းချမ်းခြင်း မဖွံ့ဖြိုးခြင်းဆိုတဲ့
ဒုက္ခအဝဝကို ခံစားနေကြရတာဖြစ်တယ်...
-
ဘယ်ဗမာ မှ
အလုပ်မလုပ်ပဲ မချမ်းသာသလို ဘယ်တိုင်းရင်းသားကိုမှ ဗမာအများစုက ချိုးနှိမ်နေတာ
တွေ့ခဲ့သလားလို့ မေးမိနေရင်း...
-
ငါဗမာလူမျိုး
ဘယ်နေရာသာသလဲ.....?
crd