ရှမ်းနီ သဘောထားထုတ်ပြန်ချက်

Views


ရက်စွဲ၊ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်



ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင် နေထိုင်သော ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးခင်မောင်ကြည် အား ဥရုမြစ် အနောက်ဘက်ရှိ ဒေသအခေါ် နမ့်နန်းလှိုင် ရှမ်းစစ်ရှောင်စခန်းတွင် (၂၈.၂.၂၀၂၄) ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က KIA နှင့် PDF များပါဝင်သော လက်နက်ကိုင် အဖွဲ့ မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ကြားသိရပါသည်။



‎ယခုဖမ်းဆီးခံရသည့် အသက် ၅၁ နှစ်အရွယ်ရှိ ဖားကန့်ဒေသ တာမခန် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကြည် သည် အကျင့်စာရိတ္တ ကောင်းမွန်၍ ရိုးသား ဖြောင့်မတ်သော စိတ်သဘောထားရှိသူ ဌာနေရှမ်းနီတိုင်းရင်းသား တစ်ဦး ဖြစ်သည့် အားလျှော်စွာ မိမိတို့ ရှမ်းနီအမျိုးသားရေး အတွက် တက်ကြွလှုပ်ရှားခဲ့သူဖြစ်ပြီး လက်ရှိတွင် လည်း မိမိစာပေ၊ ရိုးရာ ယဉ်ကျေးမှု ကိစ္စများနှင့် ရပ်ရေးရွာရေး ကိစ္စများတွင် တတ်စွမ်းသ၍ ပါဝင် ဆောင်ရွက်နေသူ ဖြစ်ပါသည်။



ထို့ကဲ့သို့ အပြစ်မဲ့ပြည်သူ ဌာနေရှမ်းနီတိုင်းရင်းသား ဦးခင်မောင်ကြည် အား ဖမ်းဆီး ခေါ် ဆောင်သွားခြင်းနှင့်ပတ်သက်၍ မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A.S) မှ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်းနှင့် မလိုအပ်သည်များ ဆက်လက်မဖြစ်ပွားစေရေး အတွက် ဦးခင်မောင်ကြည် အား အမြန်ဆုံး လွတ်ပေးရန် ၎င်း၏ မိသားစု၊ ဆွေမျိုး မိသင်္ဂဟများ ကိုယ်စား တောင်းဆိုပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။



ဗဟိုကော်မတီ



မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့



(S.E.A.S)

Post a Comment

Previous Post Next Post