လူ့ငနွားလေးများ သိစေဖို့

Views







လက်အုပ်ချီတိုင်း_ရှိခိုးတယ်မထင်ပါနဲ့။
-
လက်အုပ်ချီနည်းက (၃)မျိုးရှိတယ်လို့ မှတ်သားရပါတယ်။
-
(၁)လက်အုပ်ကို ရင်ညွန့်တည့်တည့်မှာထားရင်
အဥ္စလီပဏာမ_လို့ခေါ်ပါတယ်။
ငယ်သူက ကြီးသူကိုရော ကိုယ့်ထက် ငယ်သူကိုပါ
ရိုးရာယဉ်ကျေးမှုအရ ဂါရဝပြုခြင်းဖြစ်ပါတယ်။ (နှုတ်ဆက်ခြင်းပါ)
-
(၂) ချီထားတဲ့လက်အုပ်ရဲ့ လက်မကို နှာခေါင်းတည့်တည့်မှာ ထားရင်
အဥ္စလီဂါရဝ_လို့ခေါ်ပါတယ်။
မိမိထက် အသက်သိက္ခာကြီးတဲ့ ဆရာသမား
ကျေးဇူးရှင်များကို ဂါရဝပြုခြင်းဖြစ်ပါတယ်။
-
(၃) လက်အုပ်ကို နဖူးထက် ဦးခေါင်းထိပ်တင်ချီလျက်ထားရင်
အဥ္စလီဝန္ဒန_လို့ခေါ်ပါတယ်။
လောက၏ အထွဋ်အထိပ် ဘုရား တရား သံဃာ
ရတနာမြတ်သုံးပါးကို ရှိခိုးခြင်းဖြစ်ပါတယ်။
-
ဒါလေးသိထားရင် ကိုယ်တွေလည်း လက်အုပ်ချီတတ်ပြီပေါ့နော်။




ကိုးကား။ ဆရာကြီး ဦးအုန်းမြင့် (ဇဝနလုလင် ဗြူဟာရှင်) ၏ လက်အုပ်ချီခြင်း သုံးမျိုး ဆောင်းပါး

2 Comments

  1. သတင်းများအတွက် ကျေးဇူးပါ

    ReplyDelete
Previous Post Next Post