အလင်းရောင်ကိုဖျောက် အမှောင်မရောက်စေနဲ့

Views


စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက် မီဒီယာတွေနဲ့ လော်ဘီတွေက ပြည်သူတွေအပေါ် လမ်းမှားရောက်အောင် တွန်းပို့နေတာ။ မြန်မာ့တပ်မတော်မှမဟုတ်ဘူး။ နိုင်ငံအသီးသီးမှာလည်း စစ်မှုထမ်းဥပဒေဆိုတာ ပြဌာန်းထားပြီးသား။



မြန်မာနိုင်ငံတစ်နိုင်ငံတည်း ချွန်ထွက်ပြီး ပြဌာန်းထားတာမဟုတ်ဘူး။ တပ်မတော်မှာ စစ်မှုထမ်းမယ်ဆိုတိုင်း စစ်တိုက်ရတာမဟုတ်ဘူး။ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတဲ့ တပ်မတော်ရဲ့ နေရာစုံ ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်ရာပညာအလိုက် ထမ်းဆောင်ရတဲ့ တာဝန်တွေအများကြီး။ ဝါသနာနဲ့ အတွေ့အကြုံအရ တာဝန်ပေးအပ်ထားတဲ့ စစ်မှုထမ်းကောင်းတွေအများကြီး။



အဲ့လိုပဲ စစ်တိုက်ချင်လို့ သေနတ်ကိုင်ပြီး စစ်တိုက်နေတဲ့ စစ်သားကောင်းတွေအများကြီ။ စစ်တိုက်တိုင်းသာ သေမယ်ဆိုရင် တပ်မတော်မှာ တစ်ယောက်မှမရှိတော့ဘူး။ ဆိုတော့… ဆန့်ကျင်ဘက်လော်ဘီတွေစကား နားယောင်ပြီး တောထဲသွားရင်တော့ ကိုယ့်အညွန့်ကိုယ် ချိုးသလိုအဖြစ်ခံမလား။



တောခိုမယ်… အဲ့ဒီအချိန်မှ အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ အတင်းအဓမ္မ အကြောက်တရားနဲ့ အုပ်ချုပ်ပြီး သေနတ်ကိုင် အကြမ်းဖက်လုပ်ငန်းတွေကိုသာ လုပ်ဆောင်သွားမယ်ဆိုရင်တော့ အလင်းထဲကနေ အမှောင်ထဲ ရောက်ပြီး ဘဝဆုံးသွားမှာပဲ။



ဒါကြောင့် ဂုဏ်သိက္ခာရှိရှိ ဥပဒေအတိုင်း သတ်မှတ်ထားတဲ့ ပြည်သူ့စစ်သားကောင်းတစ်ယောက်အဖြစ် စစ်မှုထမ်းမလား။ တောခို၊ အကြမ်းဖက်လုပ်ရပ်တွေလုပ်ပြီး အလင်းကနေအမှောင်ထဲကိုသွား ဘဝအဆုံး ခံမလား???



KT

1 Comments

  1. ဖားနဲ့ငါးကွဲသွားတာပေါ့

    ReplyDelete
Previous Post Next Post