တရုတ်မှာသေဒဏ်ကျတဲ့ ဩစတြေးလျ စာရေးဆရာ

Views


ဩစတြေးလျ စာရေးဆရာတဦးဖြစ်တဲ့ Yang Hengjun ဟာ တရုတ်နိုင်ငံမှာ ဆိုင်းငံ့သေဒဏ်ချမှတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အကျဉ်းထောင်အတွင်းမှာ ကောင်းကောင်းမွန်မွန်နေထိုင်မယ်ဆိုရင်တော့ ပြစ်ဒဏ်လျှော့ပေါ့ခံရပြီး ထောင်ဒဏ်တသက်တကျွန်းသာ ပြောင်းလဲကျခံရနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၉ တုန်းက ဘေဂျင်းမှာ သူ ထိန်းသိမ်းခံခဲ့ရပြီး သူလျှိုလုပ်မှုအတွက် တရားစွဲခံခဲ့ရတာပါ။

-

သူ့ရဲ့ ပြစ်ဒဏ်အတွက် အားလုံးထိတ်လန့်ခဲ့ရတယ်လို့ ဩစတြေးလျအစိုးရက ပြောဆိုခဲ့ပြီး ဒေါသထွက်နေကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ သူ့မိသားစုနဲ့ ပြန်လည်တွေ့ဆုံစေချင်ပြီး ဩစတြေးလျအစိုးရကလည်း ထောက်ခံအားပေးမှုတွေကို ပြုလုပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။



NOM

Post a Comment

Previous Post Next Post