၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ

Views


• ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ကုတင်- ၁၀၀၀ တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မရှိသော်လည်း Khit Thit Media နှင့် The Irrawaddy တို့မှ အများပြည်သူများ အထင်မှတ်မှားအာင် လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မရှိသော်လည်း Khit Thit Media နှင့် Mizzima တို့မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ နတ်မောက်မြို့နယ် အရှေ့ခြမ်းသို့ ကံသာရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်းမြောင်းပြီး မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၀ ရက်နေ့၌ ရန်ကုန်၊ အောင်မင်္ဂလာ အဝေးပြေးကွင်းတွင် ခရီးသွားပြည်သူများအား စကစတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးခြင်းမရှိပါဘဲ Khit Thit Media မှ အများပြည်သူများအထင်အမြင်လွဲမှားပြီး အချင်းပွားစေရန် လုပ်ဇာတ်ဆင်ကာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ နတ်မောက်မြို့နယ်၊ ကျောက်ဆည်ရွာတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ ပခုက္ကူမြို့မြို့နယ်၊ ကန်တော်ရွာတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း မြေလတ်အသံ မှ စကစတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးသဖြင့် နေအိမ်တွေကို မီးရှို့ခဲ့တယ်ဆိုပြီး အပုတ်ချကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ ကော့ကရိတ်မြိုပေါ်ရှိ ရပ်ကွက်များအား စကစတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်းမရှိဘဲ KNU/PDF များမှ လူနေရပ်ကွက်များနှင့် ပြည်သူပိုင်နေအိမ်များအား ၁၅ ကြိမ်တိုင်တိုင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Ayeyarwaddy Times မှ KNU/PDF တွေရဲ့ ယုတ်မာတဲ့လုပ်ရပ်ကိုအမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ ရွံမုန်းစေရန် အပုတ်ချကာ သိက္ခာမဲ့စွာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စကစတပ်စစ်ဆေးရေးဂိတ်နေရာအား KNU/PDF များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ရဲ ၁ ဦး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရ၍ ၆ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ လက်ပံခုန်ရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် KNU/ PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာမှာ စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း DVB မှ စကစတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

FACT-CHECK

https://t.me/factcheckmm

Post a Comment

Previous Post Next Post