၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ

Views



• ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ 
ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အဖွဲ့များ ထွက်ပြေးသွားသဖြင့် စကစတပ်ဖွဲ့များ လိုက်လံရှင်းလင်းရာတွင် ပွိုင့်-၂၂ ကျည်ဆံ ၅၀ တောင့်၊ ပွိုင့်-၂၂ ကျည်အိမ် ၂ ခု၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ အီနာဂါ ၁၃ လုံး၊ မှန်ပြောင်း ၁ လက်၊ BNRA (တံဆိပ်ပါ)ယူနီဖောင်း ၁၂ စုံတို့အား သိမ်းဆည်းရရှိခဲ့ပြီး စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Mizzima မှ စကစတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာမြောက်ဘက် တောင်ကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းတွင် အခြေပြုနေသော PDF များအား စကစတပ်ဖွဲ့ဝင်များက သတင်းရရှိ၍ သွားရောက်ရှင်းလင်းခဲ့ရာ PDF ၈ လောင်း၊ သေနတ် ၂ လက်၊ ၄၀ မမ ဗုံးပစ်လောင် ချာ ၁ လက်၊ ကျည်အိမ် ၆ ခု၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည် ၇၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး တို့ရရှိခဲ့ခြင်းအား Khit Thit Media နှင့် RFA တို့မှ အမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားအောင် အရှက်မဲ့စွာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ ချောင်းဦးမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Khit Thit Media မှ ချင်းတွင်းမြစ်ကြောင်းတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျွန်းစုမြို့နယ်အတွင်း စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ၃ ကြိမ်သာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များတွင် စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ နွားထိုးကြီးမြို့နယ်၊ ရွာသာအေးကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ ဌာနဆိုင်ရာများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်နှင့်ပတ်သက်၍ ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါဘဲ Ayeyarwaddy Times မှ ဝန်ထမ်းများ အထင်အမြင်လွဲမှားစေရန် နည်းအမျိုးမျိုးဖြင့် အပုတ်ချကာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်းတွင် ဒရုန်းဖြင့် ဗ့ုးသီးချတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိသောလည်း Mizzima မှ ဒရုန်းတိုက်ခိုက်ခံရ၍ ထိခိုက်မှုများပြားတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

FACT-CHECK
https://t.me/factcheckmm

Post a Comment

Previous Post Next Post