ယာယီဘေလီတံတားထိုးခြင်းမှာ သတင်းအမှားသာဖြစ်

Views


သီပေါ-ကျောက်မဲကြား၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ကျင်တီတံတားဘေးမှာ ဘေလီတံတားထိုးနေပြီ ဆိုပြီး သတင်းမှားတွေ တက်နေတာတွေ့ရတယ်။

-

တကယ်တော့ တံတားထိုးနေတာမဟုတ်ဘဲ လုပ်ငန်းရှင်တချို့မှ သီးနှံသယ်ယူပို့ဆောင်ရေး ခါးပတ်စက် တပ်ဆင်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒေသထွက်သီးနှံပစ္စည်းများ ချိန်းပြောင်းရာမှာ ကုန်ကျစရိတ်သက်သာစေရန်အတွက် conveyor belts - သယ်ယူပို့ဆောင်ရေး ခါးပတ်စက်ကို အသုံးပြုသွားမှာဖြစ်ကြောင်းသိရပါတယ်။

-

ဒေသခံပြည်သူများအနေဖြင့် ခရီးဝေးကွာခြင်းနှင့် ယာဉ်စီးခနှုန်းမြင့်မားခြင်းတို့ကြောင့် ပြည်ထောင်စု လမ်းမကြီးပေါ်က တံတားများကို အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်းနဲ့ လေကြောင်းလိုင်းများဖွင့်လှစ်ပေးဖို့ မျှော်လင့်နေကြပါတယ်။

1 Comments

  1. daily news ဖတ်ချင်တာ
    Title တွေထဲမှာ Today ဆိုပြီး ၀င်၀င်ဖတ်ရရင်ကောင်းမယ်
    ခုက အဟောင်းတွေနဲ့ Random တွေဖြစ်နေတယ်

    ReplyDelete
Previous Post Next Post