ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိလိုသူများအတွက်

Views



(၁) ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှုများဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ်(၁)ကို စစ်မှုထမ်းရန် အကျုံးဝင်သူ အင်အား ၅၀၀၀ ဦးဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်။
-
(၂) သင်တန်းသားများအနေဖြင့် သင်တန်းကာလပြီးဆုံးပါက မိမိတို့ဆန္ဒရှိသော အရပ်ဒေသများတွင်သာ သတ်မှတ်ထားသောကာလအထိ တာဝန်ထမ်းဆောင်သွားရမည်ဖြစ်။
-
(၃) သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်စဉ်ကာလနှင့် သင်တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်သည့်ကာလများတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့် အခြားခံစားခွင့်အားလုံးကို လက်ရှိတာဝန် ထမ်းဆောင်နေသော စစ်မှုထမ်းများအတိုင်း အပြည့်အဝခံစားခွင့်ရရှိမည်ဖြစ်။
-
(၄) ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ဥပဒေဖြစ်၊ ထို့ကြောင့် အဆိုပါဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့သို့ ဝင်ရောက်မည်ဆိုပါက ဥပဒေချိုးဖောက်ခြင်းဖြစ်သည့် အတွက် တည်ဆဲဥပဒေများအတိုင်း အရေးယူခံရမည်ဖြစ်။
-
(၅) နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- ၁၅ က တွင်ပါရှိသည့်အတိုင်း စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်၊ သို့သော် ထိုသူများအနေဖြင့် ၎င်းတို့၏ပညာသင်ကြားမှုပြီးဆုံးချိန်နှင့် လုပ်ငန်းများဆောင်ရွက်ပြီးချိန်တွင် ပုဒ်မ- ၁၅ ခ နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာလပြီးဆုံးသည်အထိ စစ်မှုထမ်းဆောင်ခြင်း ဆောင်ရွက်ရမည်။
-
(၆) လက်ရှိရေးဆွဲထားသော စီမံချက်အရ သင်တန်းအမှတ်စဉ်(၁)တွင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အမျိုးသားများကိုသာ စတင်ခေါ်ယူသွားမည်ဖြစ်ပြီး အကျုံးဝင်သော အမျိုးသမီးများအား သင်တန်းအမှတ်စဉ် (၅)မှသာ ခေါ်ယူရန် လျာထား။
-
(၇) သတန်းအမှတ်စဉ် ၁ ခုလျှင် စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်း လျာထားစီမံထား။

Post a Comment

Previous Post Next Post