Views
နေပြည်တော်၊ ဇန်နဝါရီ ၉ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းကို ဖေဖော်ဝါရီ ၇ ရက် နေ့ ညနေပိုင်းက တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ကလေး ၂ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် ပြည်သူများနေရာထိုင်ရာနေရာများသို့ ပစ်ခတ်တိုက်ခိုက် ခြင်းများ လုပ်ဆောင်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများမှ ဘာသာရေးဆိုင်ရာ အဆောက်အဦများအပါအဝင် ပြည်သူများနေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများ အတွင်း ဝင်ရောက်၍ လူသားဒိုင်း အသုံးပြုတိုက်ခိုက်ခြင်း၊ စခန်းချ တိုက်ခိုက်ခြင်းများကို ဆောင်ရွက်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာ (ရွာဟောင်း)အား တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်ခဲ့မှုမရှိကြောင်း သက်ဆိုင်ရာ နယ်မြေ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများသည် အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ပေးခြင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် သတင်းတု၊ သတင်းမှားများဖြင့် သွေးထိုးလှုံ့ဆော်ခြင်း များကို ပြည်သူများအထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် အစဉ်တစ်စိုက် ဝါဒဖြန့်ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။