မန္တလေးမြိုတွင် ဘိန်းဖြူအမြောက်အများ ဖမ်းဆီးရမိ

Views


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်း အဖွဲသည် သတင်းအရ သက်သေများနှင့် အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၀၁၀၀ အချိန် အောင်မြေသာစံမြိုနယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၃ လမ်း၊ ၈၈ x ၈၉ လမ်းကြားရှိ ဟိုတယ်၊ အခန်းအမှတ် --- အား ဝင်ရောက်ရှာဖွေရာ တည်းခိုနေထိုင်သူ ချမ်းညိမ်းဖြိုး အားတွေ့ရှိပြီး အခန်းအတွင်းမှ ဘိန်းဖြူအလေးချိန် ၁.၇၅၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂၅.၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ချမ်းညိမ်းဖြိုး(၃၃)နှစ်အား အမှတ်(၅)မြိုမရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
CKK

Post a Comment

Previous Post Next Post