မြန်မာနိုင်ငံသားမှန်ရင် လုံးဝလက်မလွှတ်သင့်တဲ့ပို့စ်

Views


ကိုယ်တွေ မြန်မာနိုင်ငံထဲက အဓိက တိုင်းရင်းသား လူမျိုးစု ၈ ခုထဲမှာ ဘယ်တိုင်းရင်းသားတွေရဲ့ နေ့ထူးနေ့ရက်တွေမဆို သံယောင်ပေးပြီး လိုက်ပျော်တတ်ကြတာ ကိုယ်တွေဗမာလူမျိုးစုပဲ ရှိလိမ့်မယ်။

---

ကရင်အမျိုးသားနေ့ရောက်ရင်လည်း ကရင်ဝတ်စုံဝတ်ပြီး ပျော်လိုက်ကြတတ်သလို ရှမ်းအမျိုးသားနေ့ ရောက်ရင်လည်း ရှမ်းဝတ်စုံတွေဝတ်ပြီး ဝမ်းပမ်းတသာ ကြိုဆိုကြတာက တိုင်းရင်းသားတွေ အမြဲပြောနေတဲ့ လူမျိုးကြီးဝါဒကိုင်စွဲပါတယ်ဆိုတဲ့ သောက်ရူးကိုယ်တွေ ဗမာလူမျိုးစုပဲရှိမယ်။ ကရင်နှစ်သစ်ကူးနေ့ ရောက်ရင်လည်း ကူးလိုက်ကြတာပဲ။ ရှမ်းနှစ်သစ်ကူးနေ့ရောက်ရင်လည်း ဗမာတွေက လိုက်ကူးလိုက်ကြ တာပဲ။ အဲလို တိုင်းရင်းသားတွေနဲ့ အတူတူပျော်တတ်တဲ့ ဗမာလူမျိုးစုတွေရဲ့ နေ့ထူးနေ့မြတ်တွေမှာ ဘယ်တိုင်းရင်းသားတွေက ဝမ်းပမ်းတသာတွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ တင်ပေးခဲ့ကြဖူးလို့လဲ။ ကြိုဆိုဖူး ခဲ့ကြလို့လဲ။

----

ကိုယ်တွေ မြန်မာနိုင်ငံထဲမှာ လူမျိုးစုပေါင်း ၁၃၅ မျိုးရှိတယ်။ အဲ့ဒီအထဲမှာ ရခိုင်မှ မဟုတ်ဘူး။ မွန်တိုင်းရင်းသားတွေမှာလည်း ကိုယ်ပိုင်ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးစံ တွေရှိတယ်။ ရှမ်းမှာလည်းရှိတာပဲ။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းထဲမှာ ကမ္ဘာပေါ်က ဘယ်နိုင်ငံတွေမှာမှ ကိုယ်လူမျိုးစု တစ်စုတည်း သီးသန့် နေထိုင်၊ အုပ်ချုပ်တယ် ဆိုတာမျိုး မရှိတော့ဘူး။ လူမျိုးစုအချင်းချင်း ကူးလူးဆက်သွယ် နေထိုင်နေကြတာပဲ။ ယုတ်စွအဆုံး ကိုယ်တွေတပ်မတော်ထဲမှာလည်း ရခိုင်တိုင်းရင်းသားတွေရှိကြတာပဲ။ လက်ရှိမြင်နေရတဲ့အခြေအနေက မြန်မာနိုင်ငံထဲက အချို့သောတိုင်းရင်းသားတွေစိတ်ထဲမှာ ဟိုး ပဝေသဏီ ခေတ်ကအတွေးတွေနဲ့ ဘယ်လောက်အထိ လူမျိုးရေးစိတ်ဓာတ် ခွဲခြားတတ်လဲဆိုတာ ခုပြထားတဲ့လင့်က စာတွေ ဖတ်ရင် ပိုပြီး သိသာစေတယ်။ https://www.facebook.com/profile.php?id=100068063490924

----

ကျောက်တော်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တချို့ရခိုင်လူမျိုးတွေ ရေးထားတာတွေ မြင်ရတာ သိပ်ကို ရင်နာဖို့ကောင်းတယ်။ AA မြုပ်လိုက်တဲ့ တပ်မတော် ရေယာဉ်ထဲက တချို့တွေဆိုရင် မိုခါမုန်တိုင်းဖြစ်တော့ ရခိုင်ကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ပေးခဲ့တဲ့ ရေယာဉ်တွေပါတယ်။ ၂၀၁၇ အရေးအခင်းမှာ ARSA ကြောင့် ရခိုင်တွေ ရွာလုံးကျွတ် ထွက်ပြေးရချိန် တပ်မတော်ရဲ့နယ်မြေခံ တပ်မတော်သားမိသားစုတွေကပဲ ကာကွယ်ပေးခဲ့ ရတယ်။ ဘေးလွတ်ရာတွေ ရွှေ့ပြောင်းပေးခဲ့ကြဖူးတယ်။ ဒီနေရာမှာ ရခိုင်အားလုံးကို မဆိုဘူး။ ကျောက်တော် ဖြစ်စဉ်မှာဆို စစ်သည်တွေအနေနဲ့ ဒီဒေသမှာပဲ အိမ်ထောင်ကျသွားလို့ ရဲမေမှီခိုသူ ဖြစ်သွားတဲ့ ရခိုင်အမျိုးသမီးတွေလည်း ပါတာပဲ။ “ကျောက်တော် ဖြစ်စဉ်”က ရခိုင်နဲ့ ဗမာလူမျိုးစုကြားမှာ လူမျိုးရေး ပဋိပက္ခဖြစ်စေနိုင်တယ်လို့ အကြောင်းပြနေရင်.... ဒီပဋိပက္ခပြဿနာကို ဖန်တီးတဲ့ AA မှာရော တာဝန်မရှိတော့ဘူးလား။ AA အကြမ်းဖက်အဖွဲ့ပေါ်မှာ ဘာတုန့်ပြန်မှုမှ မလုပ်တော့ဘူး လားလို့ မေးစရာရှိလာတယ်။

----

မီဒီယာတွေမှာ ဖော်ပြနေသလို ပြည်သူ အယောက် ၉၀၀ ကျော်လောက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ ပျော်မြူး အောင်ပွဲခံခဲ့ကြတာ သူတို့တွေပဲ မဟုတ်ဘူးလား။ ခုလို သူတို့ရေးတဲ့ စာမျိုးတွေကို ဖတ်ရချိန်မှာ ပြည်မထဲက လူတွေအနေနဲ့ လူမြင်ကောင်းအောင် ဘယ်လောက်ပဲ ပရိတ်ရေ ဖျန်းဖျန်း ၊ မေတ္တာအားကြီးမားပါတယ်လို့ ထင်အောင် မိုခါ မုန်တိုင်းမှာ ဘယ်လိုပဲ ကူညီလုပ်ပြလုပ်ပြ၊ တိုင်းရင်းသားတွေကြားမှာ အမုန်းတရားဖြစ်နိုင်တယ်လို့ သောက်ဆရာကြီးအထာတွေနဲ့ ပြောပြော.... သူတို့တွေရဲ့ စိတ်ထဲမှာ ခုလိုအစွဲအလန်းတွေ ရှိနေတယ်။ လူမျိုးရေးဝါဒ ဘယ်လောက်ပြင်းထန်သလဲ ဆိုတာ မမေ့ကြဖို့လိုတယ်။

----




(နရီမိုး)

1 Comments

Previous Post Next Post