သတင်းအမှားကပေးတဲ့ ဒုက္ခ

Views


ဘိုးဘိုးကြီးနှင့်ခင်မင်သော ဆရာတော်တစ်ပါးနှင့် အလှူတစ်ခုတွင် ဆုံဖြစ်လေသည်။ ဆရာတော်က ဘိုးဘိုးကြီးကို တွေ့သည်နှင့် အခုရက်ပိုင်း သူကြုံတွေ့ရသည့်အဖြစ်ကို ရင်ဖွင့်လေသည်။

-

မနေ့က တစ်နေကုန် လာလိုက်တဲ့ ဖုန်းဗျာ။ ရွာဘက်ကချည်းပဲ။ ရန်ကုန်မှာ ပေါ်တာတွေ ဆွဲနေတယ်ဆို။ အဲဒါ ရန်ကုန်က သူတို့ သားသမီးတွေ ပြန်ခေါ်မလို့တဲ့။

-

ဒါနဲ့ ရန်ကုန်က အသိတွေဆီ ဖုန်းဆက်မေးတော့ မဟုတ်ဘူး။ ပခုက္ကူဘက်မှာတဲ့။ ပခုက္ကူက အသိတွေဆီ ဖုန်းဆက်မေးတော့ မဟုတ်ဘူး၊ မုံရွာမှာတဲ့။ မုံရွာဘက်ကို မေးကြည့်တော့ ပခုက္ကူမှာတဲ့။

-

ဒါနဲ့ လိုင်းပေါ်တက်ပြီး စပ်စုကြည့်တော့ တွေ့တယ် တောင်ဒဂုံမှာ ၁၇ ယောက် ဆွဲသွားတာတဲ့။ မန့်တွေ ဝင်ဖတ်ကြည့်တော့ မဟုတ်ဘူး၊ မြောက်ဒဂုံမှာတဲ့။ မြောက်ဥက္ကလာ၊ လှိုင်သာယာ စုံနေရော့။

-

ဒါနဲ့ ဒီနေ့ ကျောင်းရောက်လာတဲ့ ဧည့်သည် ဒကာမကြီးတစ်ယောက်ကို မေးကြည့်တော့ ဟုတ်တယ်၊ လုံးဝ သေချာတယ်တဲ့။ ဒါဆို အိမ်ထဲမှာ မနေဘဲ ဘာလို့ ကျောင်းကို လာနေတာတုန်းဆိုတော့ မကျေနပ်ဟန်နဲ့ ထိုးသွားတယ်။ မျက်စောင်း။

-

ပြည်ပကနေ ခြောက်ကြတဲ့သူတွေက အလုပ်မပျက်၊ အစားမပျက်၊ အသွားမပျက်ပေမဲ့ ပြည်တွင်းက ဘာမသိညာမသိကြောက်ကြတဲ့သူတွေကလဲ တစိမ့်စိမ့် တွေးပြီးကြောက်ကြနဲ့ ဟုတ်နေရော့ပဲဗျို့တဲ့။

-

တစိမ့်စိမ့်ကြောက်နေသူအများစုမှာ ပြည်ပအခြေစိုက် ဒေါ်လာစားမီဒီယာများ ပြောသမျှယုံနေသူများ ဖြစ်ကြသည်။ သူတို့နှင့်ပတ်သက်၍ ဟာသတစ်ခုကိုတောင် သတိရမိသေး၏။

-

‘ဒေါက်တာ.. ကျမယောက်ျားတော့ ရူးနေပြီလား မသိဘူး'

'ဘာလို့လဲဗျ'

'မနက်မနက် ကော်ဖီသောက်ပြီးတိုင်း ကော်ဖီခွက်ကို ကိုက်စားပစ်တာ လက်ကိုင်ကွင်းလေးပဲ ကျန်တယ် ဒေါက်တာရယ်'

'ဘာ... လက်ကိုင်ကွင်းပဲကျန်တယ်... ဟုတ်လား'

'ဟုတ်တယ်'

'ဒါဆို သူရူးတာ သေချာပြီ'

'ဘာလို့လဲ'

'ကော်ဖီခွက်မှာ လက်ကိုင်ကွင်းက စားလို့အကောင်းဆုံးဗျ'

'ဟင်'



ဒေါ်လာစားမီဒီယာများပြောသမျှ ယုံနေသူများသည် ကော်ဖီခွက်ကိုက်စားသူဖြစ်ပြီး ဒေါ်လာစားမီဒီယာ တွေကတော့ လက်ကိုင်ကွင်းကမှ အကောင်းဆုံးဆိုသူများဖြစ်ကြသည်။



# နေပြည်တော်ဘိုးဘိုးကြီး

1 Comments

  1. ဟုတ်တယ်ဗျ နီပိတ်တွေ မှောင်စပျိုးဘဲရှိသေးတာ အပြင်မထွတ်ရဲတော့ဘူး ကျွန်တော်ကမေးလိုက်တယ် မင်းအပြစ်လုပ်ထားလို့လားလို့ ပြန်မေးလိုက်တယ် အဲ့တော့ ဆွဲမှာကြောက်လို့တဲ့ ့ကျွန်တော်ရီးပြီးထွတ်သွားလိုက်တယ် ဗျာ

    ReplyDelete
Previous Post Next Post