ဆီဆိုင်မြို့နယ် တိုက်ပွဲသတင်း ဖေ ၅ ရက်

Views



မနက် ၆ နာရီခန့်တွင် တပ်မတော်+PNO အဖွဲ့နှင့် အကြမ်းဖက်အဖွဲ့တို့ ဟိုခဲဘုန်းကြီးကျောင်းအနီး ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွား၊ မိမိဘက်ထိခိုက်မှုမရှိ၊ ရန်သူ့ဆက်သွယ်ရေးစက် ၁ လုံး သိမ်းဆည်းရမိ။

-

အလားတူ မနက် ၈ နာရီခန့်တွင် တပ်မတော်+PNO အဖွဲ့နှင့် အကြမ်းဖက်အဖွဲ့တို့ အဆိုပါနေရာတွင် ထိတွေ့တိုက်ပွဲ ၁ နာရီခန့် ထပ်မံဖြစ်ပွား၊ စစ်သည် ၁ ဦး ဒဏ်ရာရ၊ ရန်သူကို လိုက်လံရှင်းလင်းနေဆဲ။

-

မနက် ၇.၃၀ ချိန်ခန့်တွင် မြို့လယ်ခန်းမနှင့် အနီးရှိအဆောက်အဦတွင် ရန်သူလှုပ်ရှားမှုတွေ့သဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့။ ရန်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရ။

-

ဆီဆိုင်မြို့နယ်ဝန်းကျင်တွင် တပ်မတော်+PNO အဖွဲ့များပူးပေါင်းပြီး ပိုက်စိတ်တိုက် နယ်မြေရှင်းလင်း နေသောကြောင့် ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားသံများ ကြားနေရ။ အကြမ်းဖက် PNLA/PNDF/KNDF အဖွဲ့များ ထိခိုက်မှုအများအပြားရှိပြီး သေဆုံးရုပ်အလောင်းများကို ကားကြီး/ငယ်များဖြင့် သယ်ယူ၍ ရေဖြူဘက်တွင် သွားရောက်မြှပ်နှံကြောင်း၊ ဒဏ်ရာရသူများကို ဘန်းမတ်၊ နောင်ထော်ဘက်သို့ သယ်ဆောင်ပြီး ဆေးကုပေးလျက်ရှိ။ ဒဏ်ရာရသူ အများအပြားဖြစ်သောကြောင့် အဆိုပါနေရာများတွင် ဆေးဝါးပြတ်လပ်မှုများဖြစ်နေပြီး လွိုင်လင်လေးဘက်က ဆေးဝါးတွေ မှာယူနေပြီး ဆီဆိုင်မြို့ပေါ်နှင့် အနီးဝန်းကျင်ရွာများမှ ဆေးဆိုင်များအား ဖောက်ထွင်းခိုးယူနေကြောင်း PNLA အဖွဲ့ထဲမှ မိမိအမာခံ သတင်းပေးမှ သတင်းပေးပို့လာ။



တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post