ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ စတင်ဖွဲ့စည်း

Views








ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဦးဆောင်မှုဖြင့် စတင်ဖွဲ့စည်းလိုက်သလို အရန်တပ်ဖွဲ့ဥပဒေကိုပါ ဒီကနေ့စတင်ကြေငြာ

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဦးဆောင်မှုဖြင့် စတင်ဖွဲ့စည်းလိုက်သလို အရန်တပ်ဖွဲ့ဥပဒေကိုပါ ယနေ့ စတင်အသက်ဝင်ကြောင်း ကြေညာလိုက်ပါတယ်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန် ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။



၄င်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၆ အရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ်မူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) က တာဝန်ယူမှာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူးအဖြစ် စစ်ရေးချုပ်ကတာဝန်ယူမည်ဖြစ်ကာ တွဲဖက် အတွင်းရေးမှူးအဖြစ်မူ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက တာဝန်ယူမည်ဖြစ်ပြီး အဆိုပါအဖွဲ့တွင် စုစုပေါင်းအဖွဲ့ဝင် ၁၈ ဥဦးပါဝင်တယ်။

အလားတူ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၈/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော အရန်တပ်ဖွဲ့ဥပဒေသည်လည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတည်ပြုကြေညာခဲ့ပါတယ်။

အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှူထမ်းတစ်ဦးသည် စစ်မှူထမ်းခြင်းမှ မိမိဆန္ဒအလျောက်နုတ်ထွက်သော သို့မဟုတ် အငြိမ်းစားယူခွင့်ရှိသည့်နေ့မှ ငါးနှစ်အထိ အရန်တပ်ဖွဲ့တွင် စစစ်မှူထမ်းရန်တာဝန်ရှိသလို ထို့ထက်ပိုကျော်လွန်၍လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးနိုင်ပြီး ထိုဥပဒေပါအရ စစ်မှူထမ်းရန် ဆင့်ခေါ်ချိန် ပျက်ကွက်ပါက သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်မည်ဖြစ်သည်။

Post a Comment

Previous Post Next Post