ကျိန်စာသင့်နေတဲ့ ခြံအမှတ်(၅၄)

Views





အမေ ထောင်ကလွတ်လာရင် နေစရာမရှိအောင် စစ်တပ်က လုပ်နေတယ်ဆိုတဲ့ အင်တာဗျူး လေးတွေ့ရင်း ရီချင်လာလို့။ ဒီအင်တာဗျူးက နေရင်းထိုင်ရင်း ထွက်လာတာတော့ မဟုတ်ဘူး။ မောင်နှစ်မ နှစ်ယောက် မတည့်လို့ အမွေခွဲရင်းနဲ့ တရားရုံး ရောက်နေတဲ့ ခြံအမှတ် (၅၄)နဲ့ ပတ်သက်ပြီး လေလံပစ်တယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာအပြီးမှ တိုက်တိုက်ဆိုင်ဆိုင် လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုလည်း ဖြစ်တယ်။ တကယ်တော့ တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်ဟာ လွန်တော့မလွန်ဘူး။ တကယ်လို့ မောင်နှစ်မ နှစ်ယောက်ထဲက လက်မလွှတ်ချင်တဲ့သူ ရှိရင်လည်း ဒီအိမ်ပိုင်ဆိုင်မှု တစ်ဝက်ကို အခြားတစ်ယောက်ကို အမ်းပေါ့။

-----

ဗိုလ်ချုပ်ကွယ်လွန်အပြီး နိုင်ငံတော် အစိုးရ(ဖဆပလ) ကနေ ဗိုလ်ချုပ်မိသားစုကို ကြည့်ရှု့စောင့်ရှောက်ပေးခဲ့တဲ့ အရာတွေထဲမှာ ဒေါ်ခင်ကြည်ကို သံအမတ်ကြီးအဖြစ်နဲ့ တာဝန်ပေးအပ်ခဲ့မှုရှိခဲ့တာအပြင် တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ ဒီခြံအမှတ်(၅၄)ကို ပေးအပ်ခဲ့တာတွေလည်း ရှိခဲ့တယ်။ ဒီပြဿနာတွေအစက ...ညီမဖြစ်သူ (နိုဗယ်ဆု ပိုင်ရှင်)က ဒီအိမ်မှာ အနေများတယ်ဆိုတဲ့ အချက်အပါအဝင် အစ်ကိုကြီးဖြစ်တဲ့သူက နိုင်ငံခြားမှာ အနေများပြီး အခြားနိုင်ငံသားဖြစ်ခွင့်ခံယူထားတယ်ဆိုတဲ့အချက်ကို နင်းပြီး အိမ်ကို မောင်ပိုင်စီးချင်တာက စခဲ့တယ်။ တစ်ဖက်မှာ.... တရားရုံးက ချမှတ်ခဲ့တဲ့ အိမ်ကို ဒေါ်အောင်ဆန်းစုကြည်ပေးပြီး ပိုတဲ့ တစ်ဝက်သော မြေကို ဦးအောင်ဆန်းဦးယူ ဆိုတဲ့ ၂၀၁၆ က အမိန့်ကို မကြေနပ်လို့ အယူခံဝင်တာကနေ နောက်ဆုံးလေလံပစ်တဲ့ အဆင့်ထိ ရောက်လာတာပဲ။ (ညီမ ဖြစ်သူကလည်း သိပ်မလည်ရှာဘူး။ သွေးသား အရင်း ဖြစ်တာတောင် တစ်ယောက်တစ်ဝက်ဆိုတဲ့ အနေအထားကို လက်မခံ ပေးနိုင်ရှာဘူး။) ဒီကြားထဲ ဒေါ်ခင်ကြည်ရဲ့ တစ်ဝမ်းကွဲ တူဆိုတဲ့ ကိစ္စပေါ်လာလို့ ထပ်ပြီး ရှင်းရသေးတယ်။

------

တကယ်တော့ ဦးအောင်ဆန်းဦး ပြောတာကလည်း ရှင်းရှင်းလေးရယ်။ မောင်နှစ်မ ဖြစ်လို့ တစ်ယောက်တစ်ဝက်ယူမယ်။ ပိုက်ဆံအမ်းနိုင်ရင် သူ့ကို အမ်းပြီး အိမ်ကိုယူ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က အဲလိုလည်း မရဘူး။ လုံးလုံးကို မပေးချင်တဲ့သဘော။ ဒီကြားထဲ အမှုဖြစ်တဲ့အချိန်က အာဏာရ အစိုးရဖြစ်နေလေတော့ ဖြေရှင်းဖို့ ခက်တဲ့ သဘောတွေ့ရတယ်။

-----

ခုတရားရုံးက ချမှတ်လိုက်တဲ့ လေလံပစ်ဈေးကလည်း အမေရိကန်ဒေါ်လာ သန်း ၉၀ (မြန်မာငွေ ၃၁၅ ဘီလျံ)ရှိနေတဲ့အပြင် နိုင်ငံရေးအရှုပ်အရှင်းရှိနေတဲ့ အိမ်ယာဖြစ်လို့ ဘယ်စီးပွားရေးသမားမှလည်း ဝယ်နိုင်ရင်တောင် ဝယ်ချင်မယ် မထင်ဘူး။ ဒီကြားထဲ ခြံအမှတ် (၅၄)ဟာ ဘိုးဘွားပိုင်မြေမဟုတ်ဘဲ ဂရန်မြေသာ ဖြစ်လို့ အသက်(၈၀) ကျော်တန်းရှိနေတဲ့ ဒီမောင် နှစ်မ နှစ်ယောက်အနေနဲ့ (ဂရန် သက်တမ်းကုန်မဲ့ အချိန်အထိ

)ခုလိုသာ မညီမညွှတ်ဖြစ်နေရင် အစိုးရပိုင်အဖြစ်နဲ့ ဒိုင်စားသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေလည်းရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွေက လောဘကြီးပြီး အတ္တကြီးကြတာကနေ စတဲ့ ဇာတ်လမ်းမို့ ဘယ်လို ရလာဒ်ထွက်ထွက် ဝမ်းနည်းစရာအကြောင်းတော့ မရှိနေပါဘူး။ သွေးသားရင်းခြာ မောင်နှစ်မ အချင်းချင်းတောင် မညီညွှတ်နိုင်တဲ့ သူက “အမျိုးသားအဆင့် ရင်ကြားစေ့ရေး” ဆိုတဲ့ စကားတွေ ပြောနေတာမျိုးကို ဘယ်တိုင်းရင်းသားတွေကရော ယုံကြည်ပေးနိုင်ပါ့မလဲ?







(နရီမိုး)





1 Comments

  1. မေမေနိုင်မှဖြစ်မှာဖာ

    ReplyDelete
Previous Post Next Post