ရခိုင်ပြည်နယ် နောက်ဆုံးရတိုက်ပွဲသတင်း

Views





(ရသေ့တောင်မြို့နယ်)

ယနေ့နံနက်ပိုင်း ၉ နာရီခွဲခန့်က ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းဖြစ်သည့် ၅၃၇ တပ်ရင်းအား AA အကြမ်းဖက်အဖွဲ့မှ ပြာပင်ရင်း၊ ခနောင်းကြီး၊ ဘက္ကားရွာမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နယ်မြေခံတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပြန်လည်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။



(မောင်တောမြို့နယ်)

ယနေ့နံနက်ပိုင်း ၇ နာရီခန့်မှ ၁၁ နာရီအထိ ကိုးတန်ကောက် ရဲကင်းစခန်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်ခြားစောင့်ရပ်တပ်ဖွဲ့ဝင်များ၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှု၊ လက်နက်ကြီး/လေယာဉ်ပစ်ကူများဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့သောကြောင့် AA အကြမ်းဖက်အဖွဲ့ဝင်များ ဒဏ်ရာရ/သေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြ ကြောင်း သိရှိရသည်။



(ရမ်းဗြဲမြို့နယ်)

ယနေ့နံနက်ပိုင်း ၈ နာရီခန့်က ရမ်းဗြဲမြို့၊ ပြည်သူ့ဆေးရုံနှင့် သိမ်တောင်ဘုရားကုန်းအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက် ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်စစ်ကြောင်းများမှ လက်ရှိအချိန်ထိ ရင်ဆိုင်ထိန်းချုပ်ထားကြောင်း၊ AA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုကြောင့် လူနေအိမ်များပျက်ဆီးခဲ့ကြောင်း၊ ထိုသို့ပျက်ဆီးမှုအား တပ်မှဗုံးကြဲ၍ လူနေအိမ်များပျက်ဆီးနေသည်ဟုဆိုကာ အကြမ်းဖက်အားပေး မီဒီယာများမှ သတင်းမှားများဖြင့် လူထုအားဝါဒဖြန့်လှုံ့ဆော်လျက်ရှိနေသည်။



(မင်းပြားမြို့နယ်)

ယနေ့ နေ့လည်ပိုင်း (၁၂)နာရီခန့်က မင်းပြားမြို့အား ပြန်လည် သိမ်းပိုက်နိုင်ရေး အဆင့်ဆင့်ခြေကုပ်ယူတိုက်ခိုက်နေသည့် တပ်စစ်ကြောင်းရှိရာ ကျားရဲပြင် ကျေးရွာအား AA အကြမ်းဖက်အဖွဲ့မှ ရှော့တိုက်ဒုံး (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာရှိလူနေအိမ်အချို့ ထိမှန်ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။



(အမ်းမြို့နယ်)

ယနေ့ နေ့လည်ပိုင်း (၂)နာရီခန့်က အမ်းမြို့၊ ကဇူးကိုင်းကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း အထိအခိုက်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် တပ်တောင်မြို့လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်စခန်းအား AA အကြမ်းဖက်အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ရန် ချဉ်ကပ်လာသောကြောင့် နယ်မြေခံတပ်စစ်ကြောင်းမှ မြို့မပျက်ဆီးစေရေးအတွက် ရန်သူအငိုက်ရယူကာ ထိုးဖောက်ခဲ့ပြီး လက်ရှိအချိန်တွင် ပင်မတပ်နှင့် ပူးပေါင်းသွားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။



(မြောက်ဦးနှင့် ကျောက်တော်တိုက်ပွဲသတင်းအား သီးခြားတင်ပြပေးပါမည်။)



နှစ်ဖက်တိုက်ပွဲများအတွင်း AA အကြမ်းဖက်အဖွဲ့မှ ဒဏ်ရာရ/သေဆုံး များပြားခဲ့ပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် နိမ်နင်းခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။



AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်းက သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့စေလွှတ်ခြင်း၊ ဘူးသီးတောင်/မောင်တောရှိ မွတ်ဆလင်များအား “ဗလီဆောက်ပေးမည်၊ လွတ်လပ်စွာသွားလာခွင့်ပေးမည်၊ တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသည့် မွတ်ဆလင်များအား ပြန်ခေါ်ပေးမည်” ဟုစည်းရုံးကာ လူသစ်စုဆောင်းနေခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့် အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့် အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။

#MinChitOo

Post a Comment

Previous Post Next Post