စစ်မှုထမ်းဥပဒေ အမျိုးသမီးတွေ ဆင့်ခေါ်ဖို့ လိုသလား

Views


နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြည်သူစစ်မှု့ထမ်းဥပဒေမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောဆိုလိုက်တာ တွေ့ရတယ်။ ဒီပြောဆိုချက်ကြောင့် သတ်မှတ်ချက်မှာ ပါဝင်တဲ့ အမျိုးသမီးတွေ အနေနဲ့ စစ်မှု့ထမ်းဆောင်ဖို့ မလိုအပ်သေးဘူးလို့ မှတ်ရမှာပဲ။ ဖေ ၁၀ ဒီဥပဒေ ထုတ်ပြန်ပြီးကတည်းက အမျိုးသမီးတွေကိုတော့ စစ်မှု့ထမ်းဆောင်ဖို့ ခေါ်မှာ မဟုတ်သေးဘူးလို့ သုံးသပ်မိခဲ့တာက မနေ့က နစက ပြောရေးဆိုခွင့် ရှိသူရဲ့ ပြောဆိုချက်ကြောင့် မိမိသုံးသပ်ချက်က မှန်ကန်ခဲ့ပြီး သေချာသွားတာတွေ့ရတယ်။

————————-

ဒါ့အပြင် ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှု့ထမ်း ဥပဒေအရ အကြုံးဝင်သူ ၁၃ သန်းမှာ အမျိုးသား ၆ သန်းကျော်ရှိတဲ့ အနက် ၁ ရာခိုင်နှုန်း ခန့် ၆ သောင်း နီးပါးသာ စတင် ခေါ်ယူသွားဖို့ ရှိတဲ့ အကြောင်းကိုလည်း ပြောသွားတာ တွေ့ရတဲ့အတွက် အမျိုးသားတွေလည်း အင်အားအနည်းငယ်ပဲ ထမ်းဆောင်ရဖို့ ရှိတယ်ဆိုတာ သေချာသွားစေတယ်။

————————--

ထိုနည်းတူစွာ နစက ဥက္ကဋ္ဌ ဖေ ၁၃ မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်/ ဖေ ၁၄ မှာ ပြည်ပသံအမတ်ကြီး တာဝန်ထမ်းဆောင်မယ့်သူတွေနဲ့ တွေ့ဆုံချိန်နဲ့ ဖေ ၁၇ မှာ YMBA နဲ့ တွေ့ဆုံချိန်မှာလည်း စစ်မှု့ထမ်းဥပဒေအရ အကျုံးဝင်သူများထဲမှ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် အင်အား အနည်းငယ်သာ ခေါ်ဆောင်သွားမယ့် အကြောင်းနဲ့ အရန်စစ်မှု့ထမ်း ဥပဒေမှာလည်း အကုန်လုံးကို ပြန်ခေါ်မှာ မဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်တဲ့ သူကိုပဲ ခေါ်ဆောင်သွားမယ်လို့ ထပ်တလဲလဲ ပြောဆိုခဲ့တာတွေဟာလည်း အမျိုးသားများတောင် အင်အားအနည်းငယ်ပဲ ခေါ်မှာ ဖြစ်တာကြောင့် ဖေ ၁၀ စစ်မှု့ထမ်းဥပဒေ စတင် ထုတ်ပြန်ကတည်းက အမျိုးသမီးတွေ ခေါ်မှာ မဟုတ်သေးဘူးလို့ မိမိသုံးသပ်ချက်ကို ပိုမို ခိုင်မာစေခဲ့တာလည်း ဖြစ်တယ်။





Post a Comment

Previous Post Next Post