ကျေးဇူးပြု၍ ဒီစာကို ဆုံးအောင်ဖတ်ပေးပါခင်ဗျာ

Views


ရမ်းဗြဲဗျူဟာကိစ္စကို ရေးသားတဲ့ ကာယကံရှင်လည်း အပြစ်မပြောလိုပါဘူး။ ကိုယ်ချင်းစာနာပေးပါတယ်။ ကိုယ့်ခင်ပွန်းဖြစ်လို့ စိုးရိမ်စိတ်တွေ ကြီးနေတာကိုလည်း နားလည်ပေးပါတယ်။

-

အခုဖြစ်နေတဲ့ကိစ္စကို လူကြီးတွေလည်း သိပါတယ်။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်။ စစ်ကူဆိုလည်း စစ်ကူ၊ ပစ်ကူ ဆိုလည်း ပစ်ကူ၊ ရိက္ခာ/ခဲယမ်းကအစ မရောက်ရောက်အောင် ပို့ပေးလျက်ရှိပါတယ်။

-

ငါ့ညီမရေးထားတဲ့ “စစ်ကူလည်း လာမရ”ဆိုတဲ့အချက်ကိုပြောရရင် လေကြောင်းချီ စစ်ကူတွေရောက်နေပါတယ်။ သူတို့လည်း အခွင့်သင့်တဲ့နေရာမှာ ဆင်းပြီး ခြေလျင် ချီတက်ရတာမို့ ချက်ချင်းတော့ ဘယ်ပေါင်းနိုင်ပါ့မလဲ။ ကြားထဲမှာ ရန်သူ့အနှောင့် အယှက်က ရှိနေတော့ ဖြေးဖြေးချင်း ကပ်လာနေပါတယ်။ စိတ်မပူပါနဲ့ မကြာခင် ပေါင်းမိသွားမှာပါ (ကျနော်ပြောနေချိန်တောင် ပေါင်းရင် ပေါင်းမိနေလောက်ပါပြီ)။

-

နောက်တစ်ခုက “ပစ်ကူ မထိရောက်ဘူး”ဆိုတဲ့အချက်ပါ။ လေကြောင်းပစ်ကူ/ အမြောက်ပစ်ကူကို တောင်းခံရင် တောင်းခံတဲ့ မြေပြင်တပ်ဖွဲ့က ရန်သူ့တည်နေရာကို တိတိကျကျပြောပြီး ပြင်ချက်/မြင်ချက်ပေးမှ တိတိကျကျပစ်ကူပေးလို့ရမှာပါ။ ဒါကြောင့် စစ်မြေပြင်မှာရှိတဲ့ တပ်ဖွဲ့က အကဲကြည့်ကောင်းရင် ကောင်းသလို ရန်သူ အထိနာစေမှာပါ။ မြေပြင်က တိတိကျကျမပြောနိုင်ရင်တော့ လေကြောင်း/အမြောက် ပစ်ကူကလည်း သူခန့်မှန်းတဲ့နေရာတွေကိုပဲ ပစ်သွားမှာပါပဲ။ သတ္တိကောင်းရင်တော့ ရန်သူရှိတဲ့နေရာ/တောင်ကုန်းကို လေဆာပွိုင့်တာ အနီရောင် တိုက်ရိုက်ထိုးပြလိုက်ပါ။ Pilot က ကွက်တိ ချေမှုန်းပေးပါလိမ့်မယ်။ ပစ်ကူထိရောက်ဖို့ဆိုတာ ဒီလိုအချက် တွေနဲ့ ပြည့်စုံရပါတယ်။

-

ရန်သူနဲ့ နင်လားငါလားဖြစ်နေတဲ့ကာလမှာ ထမင်းမချက်နိုင်လို့ဖြစ်စေ၊ ရိက္ခာ နည်းနေလို့ဖြစ်စေ ထမင်းခြောက်၊ ဆန်ပြုတ်၊ ငှက်ပျောအူ စားချင်တဲ့အခါ စားရမှာပါပဲ။ အခုဆိုရင် ရိက္ခာ/ခဲယမ်း လေကြောင်းကနေ တောက်လျောက်ကြဲချပေး နေပါတယ်။ ရိက္ခာမှမဟုတ်ဘူး .. ဒံပေါက်ထုပ်တောင် ချပေးလျက်ရှိပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်က ချတာဆိုတော့ ကိုယ့်ခေါင်းပေါ်တည့်တည့်တော့ ကျချင်မှ ကျမှာပေါ့။ အနီးစပ်ဆုံးကို ချပေးနေပါတယ်။ စစ်ပညာတွေ သင်ထားတဲ့ အရာရှိ/စစ်သည်တွေပဲ ခြံစည်းရိုးနားကပ်လျက် ပစ္စည်းလေးတွေတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ထွက်ကောက်ဖို့တော့လိုပါတယ်။ ကာပစ် ပစ်ပြီးထွက်ကောက်ပေါ့။ ကတုတ်ကျင်းထဲရောက်လာမှ စားမယ်ဆိုရင်တော့ Survival ဖြစ်ဖို့ မလွယ်လောက်ပါ ဘူး။

-

နောက်တစ်ချက်ကလေ .. “စစ်ကူလာတဲ့ တပ်ရင်း ၂ ရင်း ကျဆုံးသွားတယ်”ဆိုတာ ဘယ်သူပြောတာလဲခင်ဗျ .. ဗက ကျော်မင်းအောင် ပြောတာလား? စခန်းထဲကတောင် အပြင်မထွက်ဘဲနေတဲ့သူက သိနိုင်စရာအကြောင်းမရှိပါဘူး။ အဲ့သတင်းက အမှားကြီး ပါနော်။ AA သူပုန်ဆိုက်ဝါးလုပ်နေတဲ့ Social Media တွေကနေတစ်ဆင့် ဆိုက်ဝါးမိ နေတာ။ တပ်တည် တပ်လှုပ်နေရာ မပြောချင်လို့ ထည့်မပြောတော့ပါဘူး။ ရန်သူ့ဆိုက်ဝါးနဲ့ ကိုယ့်စစ်သည်မိသားစုတွေရဲ့ စိတ်ဓာတ်ကို မထိခိုက်စေနဲ့။ သတင်းအမှားကြီးကို ဖတ်မိပြီး စစ်ကူသွားတဲ့ တပ်ရင်းတွေရဲ့ မိသားစုဝင်တွေကို ကိုယ်ချင်းစာသင့်ပါတယ်။ သတင်းအမှားကြီးကို အမှန်ထင်သွားရင် သူတို့မိသားစုတွေ ဘယ်လောက်ပူပန်လိုက်မလဲ တွေးတောဖို့လိုပါတယ်။ တပ်စိတ် ၂ စိတ် အဆက်သွယ် ပြတ်နေတာကလွဲလို့ ကျန်တဲ့စစ်ကူစစ်ကြောင်းတွေ ဆက်သွယ်မှုအကုန်ရပါတယ်။

-

အဓိကပြောချင်တာက စစ်သည်/မိသားစုတွေ အခက်အခဲဖြစ်လာရင် တိုက်ရိုက်ပြော လို့ရတဲ့ Website ရှိသလို ဖုန်း Application လည်း ရှိပါတယ်။ အဲဒီ Site ထဲက ရင်ဖွင့်ဆွေးနွေးကဏ္ဍမှာ Message ပို့လို့ရသလို Call Center ကိုလည်း ဖုန်းနဲ့ ဆွေးနွေးနိုင်ပါတယ်(အဲဒီနေရာမှာ ဖုန်းနံပါတ်ပါတယ်)။ အဲဒီကဏ္ဍဟာ တပ်တွင်းမှာ နေထိုင်တဲ့ အရာရှိ/စစ်သည်/မိသားစုဝင်တွေအနေနဲ့ အခက်အခဲတွေကို တင်ပြလို့ ရတယ်ဆိုတာ အားလုံးသိပါတယ်။ တပ်ပြင်နေထိုင်သူတွေကတော့ သိချင်မှ သိမှာပါ။ ပြောချင်ရင် Social Media ပေါ်မတင်ဘဲ အဲဒီကနေ ပြောလို့ရပါတယ်။ တပ်မတော်ဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ ဖွဲ့စည်းထားတာမဟုတ်ပါ .. အခြား အရာရှိ/စစ်သည်မိသားစုဝင်တွေကို ငဲ့ညှာပါ။ ကိုယ့်ကြောင့် သူတို့တွေ စိတ်ဒဏ်ရာ မရပါစေနဲ့။

-

အခုလိုပြောလို့ ဗက ကျော်မင်းအောင်ရဲ့ဇနီး မဆုဆုလှိုင်ဆိုတာ အစစ်အမှန်လို့ ပြောဖို့ ကျနော် စုံစမ်းဆဲပါ။ ပူးသတ်တဲ့ ကိုယ့်လူသူ့ဘက်သားရော မဖြစ်နိုင်ဘူးလား? ဒါပေမယ့် ကျနော်ကတော့ ဇနီးမယားအစစ်အမှန်ထင်လို့ ဒီစာလေးကို ရေးလိုက် တာပါ။

-

ရေးတဲ့သူကိုလည်း အပြစ်မပြောပါဘူး။ ရင်ဖွင့်ချင်ရင် အပေါ်မှာပြောခဲ့တဲ့ နည်းလမ်း တွေကတစ်ဆင့် ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ တိုက်ရိုက်ပေါက်ပါတယ်။

3 Comments

Previous Post Next Post