" ဖြစ်သင့်တာတွေပဲ ဖြစ်ပါစေ "

Views


( 8.2.24 ) နေ့ရခိုင်မှာဖြစ်သွားတဲ့ကိစ္စကို

သိသိချင်း လူမျိုးရေးအာဃာတ တွေ မဖြစ်ဖို

စိုးရိမ်ပြီးရေးခဲ့သေးတယ်၊ FB ပေါ်မှာမကြေနပ်သံ

တွေချက်ချင်းတက်လာတယ်၊ ဘယ့်လောက်ထိ

ဆိုးဝါးသွားသလဲဆိုတော့ အမွန်အမြတ်ထားတဲ့

ပြည်ထောင်စုနေ့ Logo လေးတွေတောင် (12.2.24)

နေ့မှာတက်မလာတော့ဘူး၊ စိတ်မကောင်းဖြစ်ရ

တယ်ပေါ့လေ၊




ပိုဆိုးသွားတာကတော့ (12.2.24) ကစပြီး

Boycott လုပ်တဲ့နှိးဆော်စာတွေ ရန်ကုန်နဲ့ မန္တလေး

မှာလိုက်ကပ်တာပဲ၊ တချိုလဲ တုန့်ပြန်ဖိုအထိ

ဆော်ဩ ကြတာတွေကိုတွေ့ရတယ်၊




လက်နက်ကိုင်တော်လှန်ရေးတွေနဲ့ ပြည်သူ

တိုင်းရင်းသားတွေကို ခွဲခြားမြင်ပေးကြပါလိုပဲ

ရေးချင်ပါတယ်၊ အကြမ်းဖက်လုပ်သူဟာ

သူ့အကုသိုလ်ကံနဲ့သူ သွားပါလိမ့်မယ်၊ အပြစ်မဲ့တဲ့

အခြားပြည်သူတွေ အေးချမ်းကြပါစေ၊ ဗုဒ္ဓဘာသာ

မှာလဲ " ရန်ကိုရန်ချင်းတုန့်ပြန်တာဟာ သံသရာရှည်

စေတယ်" လိုပဲ ဆုံးမထားပါတယ်၊




လက်နက်ကိုင်တဖွဲဟာ အဲ့ဒီလူမျိုးတစုလုံး

ကို ကိုယ်စားမပြုပါဘူး၊ Emotion များတဲ့ လူတချို

လောက်တော့ ပါနိုင်ကောင်းပါတယ်၊ ဒါလဲ သူ့အကု

သိုလ်နဲ့ သူသွားပါလိမ့်မယ်၊ အမြင်သေးသိမ်တဲ့

လူတစုအတွက် အပြစ်မဲ့တဲ့ အခြားပြည်သူတွေကို

မထိခိုင်စေအောင် အသိ၊ သတိရှိစွာနဲ့ ရှောင်ရှား

ပေးကြဖို ရေးချင်ပါတယ်၊




နိုင်ငံဟာ Valley of the Death ဆိုတဲ့

သေမင်းတောင်ကြားကိုခဲရာခဲဆစ်ဖြတ်သန်းနေရတဲ့

အကြမ်းတမ်းဆုံးကာလဖြစ်နေပါတယ်၊

မိမိတိုမျိုးဆက်တွေရဲ့ ကောင်းမွေ၊ ဆိုးမွေကို

နောက်မျိုးဆက်တွေက ကြိုက်သည်ဖြစ်စေ၊

မကြိုက်သည်ဖြစ်စေ လက်ခံကြရမှာဖြစ်လို

လက်ရှိမျိုးဆက်တွေအနေနဲ့လဲ Emotion ကိုဖယ်ပြီး

ကောင်းမွေတွေကိုပဲချန်ထားခဲ့စေချင်ပါတယ်၊




ဖျက်မရတဲ့ သမိုင်းတွေအဖြစ်ကျန်ရစ်မဲ့

ယနေ့အဖြစ်အပျက်တွေမှာကိုယ့်ကြောင့်သမိုင်းဆိုး

တခုကို မချန်ထားမိလေအောင် ဆင်ခြင်၊ မြှော်မြင်

စွာနဲ့ အလေးအနက်စဉ်းစားကြပါလိုပဲ တိုက်တွန်း

လိုပါတယ်၊




အားလုံး ဘေးဒုက္ခအပေါင်းမှ အမြန်ဆုံး

လွတ်မြောက်ကြပါစေ၊ အေးချမ်းနိုင်ကြပါစေ ။


crd

Nay Zin Latt 

Post a Comment

Previous Post Next Post