ရခိုင်ပြည်နယ်နောက်ဆုံးရတိုက်ပွဲသတင်း ၂၁ / ၂ / ၂၀၂၄ ရက်နေ့

Views



(ပုဏ္ဏားကျွန်းမြို့နယ်)

ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲခန့် ယနေ့ညနေ ၆ နာရီအချိန်ထိ နယ်မြေခံတပ်ရင်းဌာနချုပ် ၅၅၀ တပ် အနီး ကင်းတောင်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရပြီး နှစ်ဖက်ရင်ဆိုင်ထိန်းချုပ်ထားကြောင်း သိရှိရသည်။




(မင်းပြားမြို့)




ယနေ့နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ တတက ၉ (ကမ်းနီ) လေ့ကျင့်ရေးကျောင်း အနီးရှိ လုံခြုံရေးကင်းစခန်းများအား AAအကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်း ခဲ့သောကြောင့် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။




(မောင်တောမြို့နယ်)




ယနေ့နံနက်ပိုင်း ၇နာရီခွဲခန့်က ကြိမ်ချောင်းရှိ နခခ (၇) ဌနခ အား လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပစ်ခတ်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။




(ရမ်းဗြဲမြို့နယ်)

ယနေ့နံနက် ၁၀ နာရီခန့်က ရမ်းဗြဲမြို့၊ လောင်ချောင်းလမ်းဆုံတွင် လုံခြုံရေး ဆောင်ရွက်နေသည့် စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၁၀ မိနစ်ခန့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။




AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား PDF အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း၊ အများပြည်သူနေထိုင်ရာ နေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်များအား ကျောင်းမတက်ခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်း၍ သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်လျက် ရှိနေသည်။







MCO

Post a Comment

Previous Post Next Post