မူးယစ်သူပုန်တွေကို ပူးပေါင်းချေမှုန်းစို့

Views


မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်ရာနေရာတွေက “ဝ” နယ်မြေ၊ MNDAA ကိုးကန့်နယ်မြေ၊ KIA နယ်မြေ တွေမှာ အများဆုံးထုတ်လုပ်ပြီး AA, TNLA, SSA(ဝမ်ဟိုင်း), PDF စတဲ့ အဖွဲ့တွေကတစ်ဆင့် ဖြန့်ဖြူးရောင်းချ လျက်ရှိတယ်။ ၁၀၂၇ ဆိုတာလည်း မူးယစ်ဆေးဝါးတိုးမြှင့်ထုတ်ဖို့ ပိုမိုလုံခြံတဲ့နယ်မြေရလိုမှုအတွက် တိုက်ကြတာ။ အဲ့နယ်တွေမှာ စစ်တပ်မရှိတော့လို့ အခုဆို မူးယစ်ဆေးဝါးတွေကို စိတ်ကြိုက်ထုတ်ခွင့်ရနေပြီ။

-

အထက်ပါ သူပုန်တွေ EAOs တွေဆိုတာက တရုတ်က မြန်မာနိုင်ငံအပေါ်ထိန်းချုပ်နိုင်ဖို့ Buffer Zone လုပ်ထားပြီး တရုတ်မွေးထားတဲ့ သူပုန်အဖွဲ့တွေပဲဖြစ်တယ်။

-

အဲဒီသူပုန်တွေ မူးယစ်ဆေးဝါးထုတ်နေတာကို တရုတ်မသိဘူးဆိုတာတော့ လုံးဝ (လုံးဝ) မဖြစ်နိုင်ပါဘူး။ မူးယစ်ဆေးဝါးတွေက ဘယ်ကိုစီးဆင်းသွားသလဲဆိုရင် မြန်မာပြည်မတွေ၊ ရေလမ်းက တစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ အခြားဥရောပနိုင်ငံတွေကို ရောင်းဝယ်ဖောက်ကားပါတယ်။ အဲဒီမှာ ထူးဆန်းတာက တရုတ်နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ မသွင်းတာပါပဲ။

-

မြန်မာပြည်မှာ သက်ဆိုးရှည်နေတဲ့ သူပုန်တွေဆိုတာ မူးယစ်ဆေးဝါးထုတ်ပြီး ရပ်တည်နေကြရတာ။ ဒါကို သူ့နိုင်ငံထဲ မူးယစ်ဆေးဝါးတွေ ရောက်မလာလို့၊ သူ့အကျိုးစီးပွား မထိခိုက်သေးလို့ မူးယစ်ဆေးဝါးထုတ်နေတဲ့ သူပုန်တွေကို တရုတ်က မသိချင်ယောင်နေတယ်။ သူ့အကျိုးစီးပွား ထိခိုက်လာတဲ့ ကျားဖြန့်လိုကိစ္စရပ်မျိုးကျတော့ အမြစ်ပြတ်မြေလှန်ပစ်တယ်။

-

မူးယစ်ဆေးဝါးဆိုတာ လူသားအားလုံးရဲ့ ရန်သူပါ။ ကျားဖြန့်ကို နှိမ်နင်းသလို မူးယစ်ရာဇာတွေကို တရုတ်က ဘာလို့ မနှိမ်နင်းတာလဲဆိုတာ စဉ်းစားစရာပါ။

-

ဆိုချင်တာကတော့ တရုတ်မနှိမ်နင်းတဲ့ မူးယစ်ရာဇာတွေကို အမေရိကန်ကသာ မြန်မာအစိုးရနဲ့ပေါင်းပြီး နှိမ်နင်းလိုက်မယ်ဆိုရင်တော့ လူသားအားလုံးကို ကယ်တင်ရာရောက်သလို မြန်မာနိုင်ငံမှာလည်း သူပုန်ချုပ်ငြိမ်းပြီး ပြည်တွင်းစစ်ရပ်တန့်ကာ တိုင်းပြည်သာယာဝပြောလာပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။

KT
=========
Let's defeat Narco-rebels together! 
-
Narcotic drugs have been largely produced in "Wa" area, MNDAA Kokang area and KIA areas.  They carried out drug-trade via AA, TNLA, SSA (Wan Hai), and PDF groups. The insurgents conducted 1027 operation to gain more secure territory for the increase of narcotic drugs production. Since there is no military presence in those areas, now they can produce drugs at will. 
-
China has backed the afore-said rebels and EAOs to control Myanmar, establishing a buffer zone between China and Myanmar.
-
It is absolutely (absolutely) impossible that China does not know about those groups' acts of production and trafficking narcotic drugs.  Those drugs go to mainland Myanmar, and Bangladesh, Middle East countries and European countries via waterways. Here, what a strange thing is that they never import drugs into China. 
-
Insurgents in Myanmar make their lives longer by bagging money from drug-trade.  China turns a blind eyes until.  the drugs are imported into it and/or until its interests are not harmed. China attempts to eliminate online scams (Kyar Phynt) that harm its interests.
-
Narcotic Drugs are the enemy of all mankind. It's worth thinking about why China doesn't crack down on drug lords like it does on online scams (Kyar-Pyant). 
-
What I want to say is that if the United States joins hands with the Myanmar government to suppress the drug lords that China does not, it amounts to save all mankind. Such efforts will end the rebels as well as the civil war that will bring prosperity to the country.
#KT

2 Comments

Previous Post Next Post