Views
အကြမ်းဖက် NUG လက်အောက်ခံ Dark Side Revolution Burma (DSRB) အမည်ခံ အကြမ်းဖက်အဖွဲ့သည် အကယ်ဒမီပေးပွဲကျင်းပမည့်ညတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားရာနေရာများသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်နေကြောင်း ပြည်သူများ၏သတင်းပေးပို့ချက်အရ ၂၀၂၄ ခုနှစ်၊ ဖေ ၂ ရက် နေ့လည်ပိုင်းတွင် ပဲခူးတိုင်း၊ ကမာနတ်ခရွာအနီး ပဲခူး-သနပ်ပင်လမ်းဆုံတွင် ခဲရောင် မော်တော်ယာဉ်ပေါ်မှ အကြမ်းဖက် DSRB အဖွဲ့ဝင်များဖြစ်သော -
(၁) ထက်နောင်နောင်
(၂) အောင်နိုင်မျိုး
(၃) ကျော်ကျော်
(၄) လှဦး
(၅) ကေသီ
(၆) သာကျော်ဌေး (ရဟန်းတု)
တို့ ၆ ဦးအား ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခု တို့နဲ့အတူဖမ်းဆီးရမိခဲ့။
-
တရားခံများ၏ ထွက်ဆိုချက်အရ သနပ်ပင်မြို့နယ်၊ ရေတံခါးတာဝရွာရှိ နေအိမ် ၁ ခုအတွင်းမှ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ရှေ့ထွက်မိုင်း ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိ။
-
စေခိုင်းသူ DSRB အကြမ်းဖက်အဖွဲ့မှ ရှိုင်းဝေ(RI) ဆိုသူမှာ လွတ်မြောက်နေဆဲဖြစ်ပြီး တရားခံပြေး သတ်မှတ်ထားကြောင်း သိရှိရ။
-
တော်တော်ယုတ်မာတဲ့ကောင်တွေ
သေဒဏ်ပေးပစ်ရမယ်။
ပေးသင့်ပါတယ်
ReplyDelete