၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ

Views



• ဖေဇော်ဝါရီလ ၁၇ ရက်နေ့၌ ထားဝယ်- ထီးခီးလမ်းရှိ သင်္ကန်းတုံးကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိဘဲ Khit Thit မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားခြင်းဖြစ်ပါတယ်။

• တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ စကစတပ် ခမရ (၂၆၂)တွင် စကစတပ်ဖွဲ့ဝင်များ၏ သားသမီးများအား ထိုင်းနိုင်ငံသို့ပို့ဆောင်ခြင်းမရှိခဲ့ဘဲ Khit Thit မှ အများပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန် အခြေအမြစ်မရှိ ကောလာဟလသတင်းများရေးကာစကစတပ်ဖွဲ့ဝင်များကို လုပ်ဇာတ်ဆင်ကာ အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။

• မိုးမိတ်မြို့ရှိ KIA/ PDF အဖွဲ့များ၏ နေရာများအား စကစတပ်ဖွဲ့ဝင်များက အပြီးသတ်သိမ်းပိုက်ရရှိမှုအပေါ် မနာလိုသဖြင့် Khit Thit မှ ပြည်သူ ၁၀၂ ဦးသတ်ဖြတ်ခံရတယ်ဆိုပြီး စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားပြီး ရွံမုန်းလာစေရန် ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းရှိ ခံကုန်ရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Mizzima မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ သရက်- ကံမလမ်းပိုင်းတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း မြေလတ်အသံ မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်တို့တွင် စကစတပ်ဖွဲ့ဝင်များအနေဖြင့် တစ်ရွာလျှင် ၅ ဦးနှုန်းဖြင့် စစ်မှုထမ်းရန်အတွက် တောင်းခံခြင်းမရှိခဲ့သော်လည်း Ayeyarwaddy Times မှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အများပြည်သူများ အားပေးထောက်ခံမှုနည်းပါးစေရန် ကောလာဟလသတင်းများရေးကာ စကစတပ်ဖွဲ့ဝင်များကို အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းဖိုပင် ကျေးရွာတွင် စကစတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၅ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြကန်ကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များထိတွေ့မှုဖြစ်ပွားခဲ့ပြီး PDF အဖွဲ့များဆုတ်ပြေးသွားသောကြောင့် လိုက်လံရှင်းလင်းရာ ပွိုင့် ၂၂ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခု၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ အီနာဂါ ၁၃ လုံး၊ မှန်ပြောင်း ၁ လက်နှင့် BNRA တံဆပ်ပါ ယူနီဖောင်း ၁၂ စုံတို့သိမ်းဆည်းရရှိသွားပြီး စကစတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ ထိတွေ့တိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ကာ ဗြောင်လိမ်ရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဖော်ဝါရီ ၁၈ ရက်နေ့ ကျောက်တော်လေဆိပ်တွင် ရန်ကုန်သို့သွားမည့်ခရီးသည်များအား လံခြုံရေးအဖွဲ့များက လုံခြုံရေးစစ်ဆေးခြင်းသာဖြစ်ပြီး စစ်တွေလေဆိပ်တွင်လည်း လုံခြုံရေးအရစစ်ဆေးခြင်းများသာ ပြုလုပ်ခြင်းဖြစ်ပြီး ခရီးသည်များကို ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ DVB မှ ဖြစ်စဉ်ကို ဗြောင်လိမ်ပြီး ခရီးသွားပြည်သူများကို စိုးရိမ်ကြောက်လန့်စေရန် ကောလာဟလသတင်းများရေး၍ စကစတပ်ဖွဲ့ဝင်များအား အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။

#FACT-CHECK

https://t.me/factcheckmm

Post a Comment

Previous Post Next Post