Views
ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ရေစကြိုမြို့အဝင်တွင် စကစတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်းမြောင်းပြီး ပစ်ခတ်တိုက်ခိုက်သဖြင့် စကစတပ်မှ ဗိုလ်မှူး ၁ ဦး ကျည်ရှပ်ထိဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေကးဘဲ စကစတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖာပွန်မြို့နယ်အတွင်း စကစတပ်ဖွဲ့ဝင်များနှင့် KNLA/ PDF အဖွဲ့များ တိုက်ပွဲ ၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၁ ဦးသာ ဒဏ်ရာရရှိခဲ့သော်လည်း Khit Thit မှ တိုက်ပွဲ ၈၉ ကြိမ်ဖြစ်လို့ စကစတပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံးကာ ၄၁ ဦး ဒဏ်ရာရတယ်ဆိုပြီး သတင်းအမှားများဖြင့် လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၄ လောင်း၊ သေနတ် ၆ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ ကျည် ၃၆ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်လုပ်မိုင်း ၂၃ လုံးတို့အား သိမ်းဆည်းရရှိသွားကြောင်း ၊ ဒေသခံများအား ဖမ်းဆီးခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ PDF သေတာကို Khit Thit မှ အမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင်များက ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုပြီး သတင်းအမှားများ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ နယ်မြေရှင်းရန် ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့၌ မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကင်းကျေးရွာတွင် စကစတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများဖြင့် ရေးသားထုတ်ပြန်ထားခြင်းသာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့၌ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများဖြင့် ရေးသားထုတ်ပြန်ထားခြင်းသာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့၌ ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာအနီးရှိ စကစတပ်ခမရ- ၄၁၀ အား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တပ်ဝန်းအတွင်းကျရောက်ပေါက်ကွဲခြင်းမရှိဘဲ Khit Thit မှ စကစတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ခြင်းမရှိခဲ့သော်လည်း Ayeyarwaddy Times မှ ဖြစ်စဉ်မရှိဘဲ လုပ်ဇာတ်ဆင်ကာ သတင်းအတုများ ရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ပွင့်ဖြူ-စလင်းလမ်းပိုင်းတွင် မကွေးတိုင်းဝန်ကြီးချုပ် လိုက်ပါလာတဲ့ကား မိုင်ဆွဲတိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း မြေလတ်အသံ မှ ဖြစ်စဉ်မရှိဘဲ အများအထင်မှားအောင် သတင်းအတုများ ရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။
FACT CHECK
https://t.me/factcheckmm