စစ်ပွဲကျယ်ပြန့်လာရေးကို ရုရှားက စိတ်မဝင်စားကြောင်း သမ္မတပူတင်ပြော

Views

 




ရုရှား က မိမိတိုရဲ့အကျိုးစီးပွားအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ်ပေမယ့်လည်း ယူကရိန်းစစ်ပွဲကို ပိုလန် နဲ့ လတ်ဗီးယားလို အခြားနိုင်ငံတွေဆီ ချဲ့ထွင်သွားရေးကို စိတ်ကူးမရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့က လွှင့်ထုတ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု မစတင်မီကတည်းက အမေရိကန်ဂျာနယ်လစ်တစ်ဦး နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပဲ ရုရှားအား မဟာဗျူဟာမြောက်ရှုးနိမ့်မှုဖြစ်အောင်လုပ်လိုမရဘူးဆိုတာကို အနောက်တိုင်းခေါင်းဆောင်တွေက သဘောပေါက်စပြုလာပြီ ဖြစ်ကာ နောက်ဘာလုပ်ရမလည်း ဆိုတာကိုလည်း တွေးတောနေကြရပြီဖြစ်ကြောင်း မစ္စတာပူတင် က ပြောပါတယ်။

“ကျွန်တော်တိုက ဆွေးနွေးဖို အသင့်ပါပဲ”လို မစ္စတာပူတင် က ဆိုပါတယ်။

ရုရှားတပ်ဖွဲတွေကို နေတိုးအဖွဲဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံထဲ စေလွှတ်တာမျိုးလုပ်ဖို အစီအစဉ်ရှိပါသလားလို မေးမြန်းခံရချိန်မှာလည်း ပိုလန်က စတင်တိုက်ခိုက်ခဲ့ရင်တော့ မိမိတိုက ပြန်တိုက်မှာဖြစ်ကြောင်း ဒါပေမယ့်လည်း ပိုလန် ဒါမှမဟုတ် လတ်ဗီးယား နဲ့ အခြားနိုင်ငံတွေကို စိတ်မဝင်စားကြောင်း မိမိတိုအတွက် အကျိုးမရှိတာကို ဘာလိုလုပ်မှာလဲလို မစ္စတာပူတင် က ပြောကြားပါတယ်။

ကွန်ဆာဗေးတစ် စကားစမြည်အစီအစဉ်တင်ဆက်သူ တပ်ကာကာလ်ဆင် နဲ့ အင်္ဂါနေ့က မော်စကိုမြိုမှာ နှစ်နာရီခွဲကြာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မစ္စတာပူတင် က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပြီး tuckercarlson.com. ကနေလွှင့်ထုတ်ခဲ့တာဖြစ်ပါတယ်။

မစ္စတာပူတင်က ရုရှားဘာသာစကားနဲ့ မှတ်ချက်ပေးပြီး အင်္ဂလိပ်လို စာတမ်းထိုးခဲ့ပါတယ်။ သူက ယူကရိန်း ၊ပိုလန် အခြားနိုင်ငံတွေနဲ့ ရုရှားရဲ့ဆက်ဆံရေး အကြောင်း ကြာမြင့်စွာ မှတ်ချက်ပေးပြီး အင်တာဗျူးကို စတင်ခဲ့ကြောင်း သိရပါတယ်။

Crd

နိုင်ငံတကာသတင်းစုံ

Post a Comment

Previous Post Next Post