တိုက်ပွဲသတင်း (ကျောက်ကချား)

Views


ဖေ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီချိန်ခန့်က ရှမ်းပြည်တောင်ပိုင်း၊ ကျောက်ကချားရွာအနီးမှာ တပ်မတော်+PNO အဖွဲ့များနဲ့ KNDF/PNLA သကသအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

#PNO အဖွဲ့မှ ၂ ဦး ဒဏ်ရာရ။

#KNDF ယူနီဖောင်းဝတ် ၅ လောင်း။

-

ဒီနေ့မနက်မှာလည်း KNDF/PNLA အဖွဲ့ချဉ်းကပ်လာတာကိုတွေ့လို့ ကင်းပုန်းအဖွဲ့မှ စတင်ပစ်ခတ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောက်ကချားအဝင်နားမှာ KNDF/PNLA သောင်းကျန်းသူ ၂၀ ဦးခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာရ။

-

ဒဏ်ရာရရှိသူ ၃၀ ကျော်ခန့်ကို ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု ဆောဆားကျေးရွာ စာသင်ကျောင်းတွင် ဆေးကုသပေးလျက်ရှိ။

-

အကျအဆုံးများနေသည့် ခွန်သူရိန် (PNLA) အဖွဲ့များသည် ဆီဆိုင်မြို့နယ်၏ တောင်ဘက်နှင့် အရှေ့ဘက် တစ်ကျောတွင် လူသစ်လိုက်ဆွဲနေပြီး မလိုက်လိုလျှင် ၁ ဦးကို ၈ သိန်းပေးရကြောင်း၊ အိမ်ဖောက်ထွင်းခိုးယူမှုများကြောင့် ပအိုဝ်းဒေသခံများ ဒုက္ခရောက်နေကြကြောင်း၊ ထွက်ပြေးသူ PNLA တပ်ဖွဲ့ဝင်များကိုလည်း မိလျှင် သတ်သည့်စနစ်ကို ခွန်သူရိန်အဖွဲ့က ကျင့်သုံးလာကြောင်း ဒေသခံများထံမှ သိရှိရပါသည်။



#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post