ရဲရဲရင့်ရင့်ချေမှုန်းတိုက်ခိုက်ကြပါ

Views


ကျောက်တော်မှာ လူမဆန်တဲ့လုပ်ရပ်ကြောင့် ပုံရိပ်ကျသွားတဲ့ AA ဟာ သူ့ပုံရိပ်တွေ ပြန်မြှင့်တင်ဖို့ မီဒီယာတွေကတဆင့် ပြန်ကြိုးစားလာတာတွေ့ရတယ်။ ဒါပေမဲ့ ကလေးငယ်တွေ မိသားစုတွေ အမျိုးသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ AA နဲ့ AA အမာခံတွေရဲ့ လုပ်ရပ်ကတော့ သမိုင်းဆိုးပုံရိပ်အဖြစ် ကမ္ဘာတည်သရွေ့ ကျန်ခဲ့အုံးမှာပါ။

-

AA က လူကြားကောင်းအောင်လုပ်ကြံဖန်တီးတဲ့ ဇာတ်လမ်းတွေဆင်ပြီး ဘယ်လိုပဲ လိုင်းပေါ်ကိုတင်နေပါစေ၊ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းကိုတော့ အဖြစ်မှန်တစ်ခုလောက်နဲ့ ပြောပြပါ့မယ်။

-

ရှမ်းပြည်နယ် နပစ တပ်က ကျောက်တော်ဘက်မှာ ဖျော်ဖြေရေးသွားကြရာကနေ သူတို့ဇာတ်အဖွဲ့ပြန်တဲ့ အခါ အကုန်မသယ်နိုင်လို့ ပစ္စည်းစောင့်ဆိုပြီး စစ်သည်နှစ်ယောက်ထားခဲ့ရတယ်။ ကျောက်တော် ဒီဖြစ်စဉ်ကြောင့် နပစ မင်းသမီး တစ်ဦးက သူ့အမျိုးသား ပစ္စည်းစောင့်ကျန်ခဲ့လို့ စိတ်ပူပြီး ဖုန်းဆက်ကြည့်​တော့ ဖုန်းက AA လက်ထဲ ရောက်နေသတဲ့။

-

AA က ဘာပြောသလဲ ဆိုတော့နင့်ယောကျာ်းကို ငါတို့ သတ်လိုက်ပြီတဲ့။ နင့်ယောကျာ်းမှ မဟုတ်ဘူး။ ဖမ်းမိတဲ့ သူတော်တော်များများကို ငါတို့လည်း ထိန်းမထားနိုင်လို့ သတ်ပစ်လိုက်ရတယ်ဆိုပြီး ပြန်ပြောလို့ အဲဒီကလေးမလေး ငိုတာမှ ပဋာမြေလူးပဲ။

-

ဆိုတော့ ပြောချင်တာ AA က ဘယ်လိုပဲ ဝါဒဖြန့်နေပါစေ၊ AA ဆီရောက်သွားတဲ့ အရာရှိ စစ်သည် မိသားစု ကလေးပါမကျန် AA က လူမျိုးတုန်းသတ်ပစ်လိုက်တာကြာပါပြီ။ ဒီသတင်းတွေ မှန်ကြောင်းကိုလည်း ခိုင်လုံတဲ့ သတင်းတွေ ရထားပါပြီ။

-

ဒါကြောင့် တိုက်ပွဲမှာ ခင်များတို့ ဘယ်တော့မှ အရှင်အဖမ်းမခံပါနဲ့။ ဘယ်တော့မှ လက်နက်မချပါနဲ့။ သူသေ ကိုယ်သေ တိုက်ဖို့သာပြင်ထားပါ။ စွမ်းအားအကုန် လက်နက်စုံသုံးပြီး တိုက်ဖို့သာ ပြင်ထားပါလို့ ပြောချင်တယ်။

-

လက်ရှိကြားသိရတဲ့ သတင်းတွေအရဆိုရင် AA ဒုခေါင်းဆောင် ညိုထွန်းအောင် လေယာဉ်ဗုံးထိပြီး သေသွားတယ်လို့သိရသလို ထွန်းမြတ်နိုင်လည်း ဒဏ်ရာရထားတယ်လို့ သိရတယ်။ ထွန်းမြတ်နိုင် ဒဏ်ရာရတာ အတည်ပြုလို့ မရနိုင်သေးပေမယ့် ညိုထွန်းအောင်သေတဲ့ သတင်းကတော့ ရာနှူန်းပြည့် သေချာနေတာမို့ AA စစ်ဦးကျိုးတော့မယ့် အခြေအနေကို ရောက်လာတော့မှာပါ။

-

စစ်ဦးကျိုးတာနဲ့ တစ်ပြိုင်နက်တည်း AA ​ဟာ တရစပ် ပြိုဆင်းသွားပါလိမ့်မယ်။ ဒါကြောင့် ရဲရဲရင့်ရင့် ရင်ဆိုင်ချေမှုန်း တိုက်ခိုက်ကြဖို့ တိုက်တွန်းပါရစေ။



Crd:အောင်နိုင်သူ(ဇွဲကပင်)

Post a Comment

Previous Post Next Post