ဗမာမှန်ရင် ဖတ်ရှုသင့်

Views


လောက်ကိုင်မှာ ပြုလုပ်ခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့တွေရဲ့ အောင်မြင်မှု အထိမ်းအမှတ်ပွဲမှာ MNDAA ခေါင်းဆောင် ဖုန်တာရွှင် က ၁၄ နှစ် တာ တော်လှန်ရေးအောင်ပွဲ ဆိုပြီး ခေါင်းစဉ်တပ်ခဲ့တာ တွေ့လိုက်ရတယ်။

-

စိတ်ဝင်စားစရာ ကောင်းတာက ၁၄ နှစ်လုံးလုံး တော်လှန်ရေးလုပ်တယ်လို့ တစ်လုံး တစ်ပါဒမဟ ခဲ့ပေမယ့် သူလို ချင်တဲ့နေရာ ဒေသ တွေ ပြန်ရတဲ့အခါမှ တော်လှန်ရေး လို့ ခေါင်းစဉ်တပ်လိုက်တာပါပဲ။

-

နွေဦးတော်လှန်ရေး ဆိုပြီး ဟောင်ဘွာ ဟောင်ဘွာ လုပ်တဲ့ဗမာတွေနဲ့တော့ ကွာပါ့၊ ဗမာတွေ/မြန်မာတွေ အငိုက်မိသွားခဲ့ပါတယ်။ တပ်မတော်လည်း အငိုက်မိသွားတဲ့ သဘောပါပဲ။

-

ဗမာအနီ တွေ ထင်တာက EAOs တွေ လက်နက်ကိုင်တိုက်ခိုက်နေတာက ဒီမိုကရေစီရဖို့ စစ်အာဏာရှင်ဖြုတ်ချဖို့လို့ ထင်နေကြတာ တော်တော်မှားတဲ့ အမှားပဲ။ ဗမာတွေဟာ တပ်မတော်ကို ဖြိုချနိုင်ရင်ဒီမိုကရေစီ ရသွားမလား ၊ ပြည်ထောင်စုပြိုကွဲသွား မလား ဆိုတာလောက်ကိုတောင်မှန်မှန် ကန်ကန် မတွေးနိုင်ကြပါဘူး။

-

ဒါကြောင့် EAOs တွေ ထည့်သမျှ ဂျင်းတွေမိရင်း သေလိုက်ကြတဲ့ ဗမာလူငယ်တွေက သောက်သောက် လဲပါပဲ။ တပ်မတော်ကရော မဆုံးရှုံး ဘူးလားမေးရင် ဆုံးရှုံးရတာပေါ့။

-

ဒီလို ဗမာတွေ မြန်မာတွေ အင်အားချိနဲ့သွားအောင်လည်း ခေတ်အဆက်ဆက် ဗမာလူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှူန်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဗမာတွေ မညီညွတ်တာကို အခွင့်ကောင်းယူပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှူန်းရေးဆိုပြီး ခေါင်းစဉ် ပြောင်းနိုင်ခဲ့လို့ EAOs တွေဘက်ကတော့ အောင်မြင်တဲ့ မဟာဗျူဟာဖြစ်ခဲ့တာ တွေ့ရတယ်။

-

ဗမာတွေရဲ့ အိုင်ဒယိုလော်ဂျီကိုပြောင်းလဲပြီး ဗမာတွေကို အင်အားချိနဲ့သွားအောင် လုပ်တဲ့ သဘောပါပဲ။ မသိတဲ့ ဗမာများဘဝက သနားစရာပါ။

-

အခုပဲ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ ၁၀၂၇ မှာ NUG ရဲ့ LPDF တွေ ထောင်နဲ့ချီသေခဲ့တာမို့ ကွမ်းလုံကို NUG ရဲ့ အုပ်ချုပ်မှုမြို့တော်အဖြစ် လုပ်ခွင့်ပေးဖို့ တောင်းဆိုတာကို MNDAA က လုံးဝ မပေးပါဘူးတဲ့။ မပေးရုံ တင် ဘယ်ကမလဲ။ ရှမ်းမြောက်ထဲရောက်နေတဲ့ LPDF မှန်သမျှကို မြန်မာ ပြည်မထဲ ပြန်မောင်းထုတ်လိုက် ပါပြီတဲ့။ မောင်ဆောင်းခရဲ့ BPLA လည်းပါပါတယ်။ ၁၀၂၇ မှာ BPLA နဲ့ LPDF တွေဟာ တပ်မတော်ရဲ့ စစ်ကြောင်းတွေစစ်ကူ မလာနိုင်အောင် လာရှိူးနဲ့ ပြင်ဦးလွင်အကြားကို ဖြတ်တောက် ပိတ်ဆို့မှုတွေ လုပ်ပေး ခဲ့တယ်။ ကွမ်းလုံ လောက်ကိုင်နဲ့ ဟိုပန် ဒေသ တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ကြပါတယ်။

-

ကွမ်လုံ ဆိုတာကလည်း မြန်မာဘုရင်အစဉ်အဆက်က တရုတ်ကျူးကျော်မှုကို ရွံ့ရွံ့ချွံချွံ ခုခံ တိုက်ထုတ်ခဲ့တဲ့ သမိုင်းဝင်ခံတပ်မြို့ကြီး ဖြစ်ပါတယ်။ အခုတော့ ဗမာတွေ မြန်မာတွေ အချင်းချင်း မညီညွတ်တာနဲ့ပဲ ကြားထဲက ခွေးစားသွားတာ ရင်နာမဆုံး ဖြစ်ရတယ်။

-

အဲဒီတော့ ကျွန်တော် အမြဲ ပြောသလိုပါပဲ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုပြီး ကျွန်တော်တို့တွေ ကြီးကြီးကျယ်ကျယ်လျှောက်မပြောမိပါစေနဲ့။ တိုင်းပြည်လူဦးရေ ၇၀% ၃၅ သန်းရှိတဲ့ ဗမာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုသာ လက်တွေ့ကျကျ အကောင်ထည်ဖော်ကြည့်လိုက်ပါ။ EAOs တွေ ခေါင်းတောင် ဖော်နိုင်မှာ မဟုတ်ပါဘူး။

-

သမိုင်းကို ပြန်ကြည့်ရင်လည်း ဗမာတိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုပြိုကွဲရင် တိုင်းပြည်ဟာ ပြိုလဲ ပျက်စီး ကြရတာချည်းပါပဲ။

-

ဒါကြောင့် မင်းဟာ ဗမာ/မြန်မာ မှန်ရင်တော့ ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်းပျက်ခဲ့ရတဲ့ ဇာတ်ကို မမေ့ကြဘဲ အမြန်ဆုံးစည်းလုံး ညီညွတ်အောင် နေထိုင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။



Crd:အောင်နိုင်သူ(ဇွဲကပင်)

1 Comments

  1. သူများကျွဲ အဌားကျောင်းတဲ့ နီပိတ်နီပိန်းpdfတွေ သိသင့်တယ်

    ReplyDelete
Previous Post Next Post