အကြမ်းဖက် နဂါးဖြူစစ်ကြောင်း ကော့ကရိတ်မြို့ကို ဖျက်ဆီး

Views



ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့တောင်ဘက်ခြမ်းတွင်အခြေပြုလူပ်ရှားနေသော နဂါးဖြူစစ်ကြောင်းမှ ဗိုလ်ရွေအိုး ဦးဆောင်သည့်အဖွဲ့သည် ကော့ကရိတ်မြို့ အမှတ် ၁ ရပ်ကွက် ချောင်းတောင်အုပ်စု ဘုန်းကြီးတံတားမှဖြတ်ကူး၍ မြို့မဘုန်းကြီးကျောင်းမှ၀င်ရောက်ပြီး မြို့မကျောင်း မုဒ်၀ အလွန်နားရှိ ဓါတ်မီးတိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်စီးခဲ့ကြောင်း သိရသည်။

-

အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုအကျိုးဆက်အရ ကော့ကရိတ်မြို့ မြို့အလယ် ဗိုလ်ချုပ်လမ်းမကြီး ရုပ်ရှင်ရုံရှေ့အနားပတ်လည်ရှိ နေအိမ်များသည် ဓါတ်မီးတိုင်များ ပြိုကျမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့သည်။

-

အိမ်ပိုင်ရှင် ဒေသခံပြည်သူများအစား နှမျောတသဖြစ်မိသည်။ တစ်သက်လုံးရှာဖွေစုဆောင်း တည်ဆောက်ခဲ့ရသမျှ အကြမ်းဖက်များကြောင့် ပျက်စီးသွားခဲ့ပြီ၊ နိုင်ငံတော်ပိုင် လျှပ်စစ်မီးတိုင်များနှင့် လမ်းများလည်း ပျက်စီးခဲ့ရပြီ..

-

မြို့သိမ်းဆိုတာ ဒီလိုလုပ်ပြီး သိမ်းရမှာပါလား.??

သိမ်းလို့ရခဲ့သည်ရှိသော် သူတို့ပြန်ပြင်ပေးနိုင်ပါ့မလား??

-

ပြည်သူတွေရဲ့ ဆုံးရှုံးမှုကိုကော ပြန်ပေးနိုင်ပါမလား.??

သံသယဝင်စရာတွေ အများကြီးဖြစ်လာပါပြီ..



Saw Ba Maung

Post a Comment

Previous Post Next Post