ဇရပ်ကြီးတိုက်ပွဲဖြစ်စဉ် ပြည်သူတွေရင်ဖွင့်ပြီ

Views



ဇရပ်ကြီးကို တိုက်ကွက်ဖော်တာနဲ့ပတ်သက်ပြီး အကြမ်းဖက်တွေရဲ့လုပ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ကလေးတွေနဲ့ ပြည်သူတွေကြားမှာ မခံမရပ်နိုင်တဲ့ ပြည်သူတွေက ရင်ဖွင့်လာတဲ့အခြေအနေတွေပါ သိလာရပါတယ်။ တိုက်ပွဲဖြစ်တာနဲ့ပတ်သက်ပြီး မျက်မြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေကတော့



ဒါ… လေယာဉ်ဗုံးကျဲလို့ ကလေးနဲ့ပြည်သူတွေထိခိုက်ခဲ့ရတာမဟုတ်ဘူး။ အကြမ်းဖက် KNU/PDF တွေရဲ့ မဆင်မခြင် Drop Bomb ချတိုက်ခိုက်မှုတွေကြောင့်ဖြစ်တာလို့ သတင်းလာပေးတဲ့ ပြည်သူတွေလည်းရှိတယ်။



ယခုဆိုရင် NUG အစီအစဉ်နဲ့ မြို့သိမ်းတာတို့ မြို့/ရွာတွေမှာ တိုက်ကွက်ဖော်တာတွေနဲ့ သောင်းကျန်းသူတွေ ဝင်လာမှာကို ပြည်သူတွေအနေနဲ့ လက်မခံတော့။ ရှေ့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်တွေကြောင့် ပျက်စီးခဲ့ရတဲ့မြို့တွေကို ပြည်သူတွေကောင်းကောင်းနားလည်လာပြီး တပ်မတော်နဲ့ပူးပေါင်းပြီး ဒေသကာကွယ်ရေးအတွက်ပဲ ပြည်သူတွေအသိစိတ်ပိုများလာတယ်။



ဒါကိုသိတဲ့ အကြမ်းဖက်တွေအနေနဲ့ ပြည်ဖျက်မီဒီယာတွေက တစ်ဖက်လက်နဲ့ တပ်မတော်နဲ့ပြည်သူလူထု အထင်မှားအောင် ရေးသားလှုံ့ဆော်နေကြတယ်။ ဒါပေမယ့် အကြမ်းဖက်တွေကြောင့်မြေပြင်မှာတကယ်ခံစားရတဲ့ ဒေသခံပြည်သူလူထုကတော့ တပ်မတော်နဲ့ပူးပေါင်းပြီး ပြည်သူထဲက ပြည်သူ့စစ်တွေမွေးထုတ်တယ်။ တပ်မတော်က လက်နက်တပ်ဆင်ပေးတယ်။ တပ်နဲ့ပြည်သူပူးပေါင်းဆောင်ရွက်ပြီး ဒေသကာကွယ်မယ်။



ဒီလိုပဲ… တပ်နဲ့ပြည်သူ လက်တွဲညီနေရင် ရပ်ရွာအေးချမ်းသာယာပြီး အကြမ်းဖက်အဖွဲ့တွေ ချုပ်ငြိမ်းသွားမှာ အမှန်ပဲ…



#KT

2 Comments

  1. ရန်ကုန်မှာလဲ အချို့နီပိတ်တွေ အမှန်တရားမသိကြသေးဘူး

    ReplyDelete
  2. အဲလို ပျက်စီး တယ်
    ဒုက္ခရောက် တယ်ဆိုတာ
    Tv ကနေ့တိုင်းလွှင့်ပေးသင်တယ်

    ReplyDelete
Previous Post Next Post