၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ

Views



• ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ ပေါက်ခေါင်းမြို့နယ်၊ တပ်ကော့ မြောက်ဘက် ကိုင်းဖျားအနီးတွင် စကစတပ်ဖွဲ့တင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ စေတုတ္တရာမြို့နယ်၊ လုံးကြီးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း မြေလတ်အသံ မှ စကစတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ မြိုင်မြို့နယ်၊ စက်မှု ၂ အနီးတွင် စကစတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိပါဘဲ Khit Thit Media မှ စကစတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရ၍ ၄ ဦး ဒဏ်ရာရတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအနီးတွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိပါဘဲ Khit Thit Media မှ ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ အင်းစိန်မြို့နယ် CID မှုခင်းရဲတပ်ဖွဲ့ရုံးနှင့် အင်းစိန်ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲခြင်းမရှိပါဘဲ Khit Thit Media မှ အများအထင်မှားအောင် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ကလေးမြို့နယ်အတွင်း၌ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ အောင်သာယာကျေးရွာအနီး တိုက်ပွဲတွင် CNO/ CNDF ၃ လောင်း၊ သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ဖောဖော်ဝါရီလ ၂၄ ရက်နေ့ အောင်မြင်သာကျေးရွာအနီးတွင် AK ကျည် ၉၁ တောင့်၊ ၁၂ ဗို့ကျည် ၉ တောင့်၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ အိုင်ကွန် ၁ လုံးတို့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ခိုင်ကမ်းကျေးရွာအနီး တိုက်ပွဲတွင် CNA/ PDF ၄ လောင်း၊ သေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ဦးထုပ် ၁ လုံး တို့သိမ်းဆည်းရရှိခဲ့ပြီး စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit Media မှ PDF တွေသေတာကို ထိန်ချန်ထားပြီး ဖြစ်စဉ်များတွင် စကစတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်ဟုဆိုကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်တွင် စကစတပ်ဖွဲ့ဝင်များအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်းမရှိသော်လည်း RFA မှ စကစတပ်ဖွဲ့ဝင်များကို အများပြည်သူများ အထင်အမြင်လွဲမှားကာ စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ အင်အား ၂၀ သာရှိသော ရဲစခန်းအား PDF အဖွဲ့များက အင်အားရာကျော်အသုံးပြုကာ လာရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲစခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘဲ PDF များအသေအပျောက်များစွာနဲ့ ဆုတ်ပြေးသွားကြပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခြင်းကို Mizzima မှ အမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင်များက ရွာအတွင်းရှိနေအိမ်များကို မီးရှို့ပါတယ်ဆိုပြီး အောက်တန်းကျစွာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

FACT-CHECK

https://t.me/factcheckmm

Post a Comment

Previous Post Next Post