သတိပြုဖို့ပါ (အလွန်အန္တရာယ်ရှိ)

Views


ဘောလခဲ (ထူးချောင်း) တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သတင်းတွေ ပုံတွေတက်လာတော့ အလွန်စိုးရိမ်သွားမိတယ်။ ကိုယ့်ဘက်က သတင်းသမားတွေကိုလည်း အပြစ်မဆိုရက်ပါဘူး။ သူတို့လည်း သတင်းဦးဆိုပြီး စေတနာနဲ့ တင်ကြတာမို့။ ဒါပေမယ့် ကိုယ့်လူသူ့ဘက်သားလုပ်နေတဲ့ CDM အယောင်ဆောင်သူတွေအတွက် ထည့်စဉ်းစားသင့်တယ်။ အဲဒီပုံတွေ ခွေးသစ်ဆီရောက်သွားရင် ဓာတ်ပုံရိုက်သူ ဘယ်သူလဲဆိုတာ ကွင်းဖမ်းစုံစမ်းဖို့ အလွယ်လေးပဲ။ အဲဒါဆို ကိုယ့်လူ ဘယ်လိုဖြစ်မလဲဆိုတာ အဆုံးထိ စဉ်းစားဖို့လိုမယ်။

-


မှန်တယ် .. CDM အယောင်ဆောင်ရဲ့ လျှို့ဝှက်သတင်းပေးလို့ ရန်သူ့နေရာတွေကို အတိအကျ ကွက်တိ ချေမှုန်းနိုင်တယ်။ ရန်သူလည်း ထိခိုက်မှုတော်တော်ကြီးတယ်။ ရန်သူစုဖွဲ့နေရာ၊ ရန်သူတပ်တည်နေရာတွေကို အရင်းခံသတင်းပေးက ပုံရိုက်ပြီး လဒ်/လောင် အတိအကျပေးတယ်။ ဒါကြောင့် လက်နက်ကြီးနဲ့ချေမှုန်းတယ်။ ပုံတွေကိုတော့ ထုတ်မပြသင့်ဘူး။

-


သူ့နေရာမှာ ကိုယ့်မိသားစုဝင် တစ်ယောက်သာဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ သူရိုက်ခဲ့ပြီးပို့တဲ့ပုံတွေကို လိုင်းပေါ် မတင်သင့်ဘူး။ ပြီးသွားပြီဖြစ်လို့ စိမ်းပိန်းတွေနဲ့ ထပ်ရန်မဖြစ်ချင်တော့ဘူး။ အဲလိုတင်ကြေးဆို ကျနော်တို့လည်း အဲ့ပုံတွေ ရပြီးသားပါ။ ဒါပေမယ့် မတင်ခဲ့ဘူး။

-


အကျိုးအမြတ် အများကြီးရလိုက်တာ မှန်ပေမယ့် မြေပြင်မှာ အသက်နဲ့ရင်းပြီး လှုပ်ရှားနေတဲ့သူတွေကို ငဲ့ညှာကြပါလို့ပဲ ပြောချင်တယ်။

#KT

Post a Comment

Previous Post Next Post