တရုတ်ကို တစ်ကွက်ပြပြီ

Views


ရန်ကုန်မှာ ပြည်သူလူထုရဲ့ကိုယ်ရေးကိုယ် တာအချက်အလက်များကို နည်းပညာဖြင့် Hackကာ PDFများဟုဆိုကာ တရားဝင်ကုမ္ပဏီထောင်ငွေညှစ်နေသာ တရုတ်နိုင်ငံသားဦးဆောင်သည့် Mashala Tech Co.,Ltd အမည်ရှိ Online ချေးငွေလုပ်ငန်းအဖွဲ့ကို စစ်ကောင်စီဖမ်းဆီးလိုက်သည်ဟု သတင်းထုတ်ပြန်ပါသည်။




အဆိုပါအဖွဲ့ဟာ ချေးငွေ Applicationများကို အသုံး ပြုပြီးDownloadဆွဲမိသူ၏ ဖုန်းအတွင်းမှ Contact ၊ Call log ၊ SMS ၊ Photo ၊ Video ၊ G-Mail ၊ K pay ၊ Wave pay အသုံးပြုသည့် ဖုန်းနံပါတ်များ အပါအဝင် ကိုယ်ရေးကိုယ် တာအချက်အလက်များကို နည်းပညာဖြင့် Hackကာ တ ရားမဝင်ရပြီး ခြိမ်းခြောက်ငွေကြေးလိမ်လည်နေတာဖြစ်သည်ဟုဆိုသည်။





ငွေကြေးလိမ်လည်သူများအနေဖြင့် အဖွဲ့များဖွဲ့၍ အ ထက်ပါနည်းလမ်းများ အပါအဝင် အခြားနည်းလမ်းမျိုးစုံဖြင့် ငွေ ကြေးအမြတ်ထုတ်လျက်ရှိပြီး အများပြည်သူ များ သတိပြုမိနိုင်စေရေးအတွက် ဖြစ်စဉ်တစ်ခုအနေဖြင့် ဖော်ပြရမည်ဆိုပါက အသေးစား စား သောက်ကုန်ဖြန့်ချိရေးလုပ်ငန်း လုပ် ကိုင်သူတစ်ဦးထံသို့ ငွေကြေးလိမ်လည်သူ များအနေဖြင့် Delivery Service အသွင် ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းတို့ lService အား စမ်းသပ်အသုံးပြုရန် ဆက်သွယ်ခဲ့သည်ဟုဆိုသည်။




ထို့နောက် ဖုန်းဖြင့်ဆက်သွယ်ခြင်း၊ Viber မှ Video Call များခေါ်ဆိုခြင်းများ ပြုလုပ်ပြီး ယုံကြည်မှုရရှိစေရန် ဆောင်ရွက်ကာ လုပ်ငန်းနှင့်ပတ်သက်၍ စာ ချုပ်ချုပ်ခြင်း၊ လျှောက်လွှာတင်ခြင်းများ ဆောင်ရွက်ရန် အတွက် App တစ်ခုအား Download ပြုလုပ်စေခဲ့ပြီး Permission များ တောင်းသည့်အခါတွင် Allowed ၊ Accept များ ပြုလုပ်စေခဲ့ကာ လုပ်ငန်းရှင်ဖြစ်သူ၏ ဖုန်းအတွင်းမှ Contact ၊ Call log ၊ SMS ၊ Photo ၊ Video ၊ G-Mail ၊ K pay ၊ Wave pay အသုံး ပြုသည့် ဖုန်းနံပါတ်များ အပါအဝင် ကိုယ်ရေး ကိုယ်တာအချက်အလက်များ အား နည်းပညာဖြင့် Hack ၍ တရားမဝင်ရယူခဲ့သည်ဟုဆိုသည်။




ထိုသို့ဆောင်ရွက်ပြီး ရက် ပိုင်းအတွင်း၌ လုပ်ငန်းရှင်ဖြစ်သူ၏ K pay အတွင်းသို့ အကြောင်းတစ်စုံတစ်ရာမရှိဘဲ ငွေပမာဏတူ ငွေလွှဲ(၆) ကြိမ် ရောက်ရှိလာခဲ့ပြီး ဖုန်းနံပါတ်တစ်ခုဖြင့် ဆက်သွယ်ကာ ဖုန်းနံပါတ်လွဲမှား၍ ငွေပေးပို့မိသည့်အသွင်ဖြင့် ပြော ဆို၍ ငွေများအား ပြန်လည်လွှဲရန်ပြောဆိုသည်။




ထိုသို့ဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ဖုန်းနံပါတ်မျိုးစုံဖြင့် ဆက်သွယ်၍ ၎င်းတို့ထံမှ ရယူထားသည့် Online ချေးငွေများအား ပြန်လည်ပေးဆပ်ရန် ဆက် တိုက်ပြောဆိုခဲ့သော ကြောင့် လုပ်ငန်းရှင်မှ ၎င်းအနေ ဖြင့် မည်သည့်ချေးငွေမျှ ရယူထားခြင်းမရှိကြောင်း၊ မသိကြောင်း ပြောဆိုရာတွင် ဆဲဆိုခြင်း၊ ခြိမ်းခြောက် ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။




ယင်းအ​​ပြင်လုပ်ငန်းရှင်ကိုသာမက ၎င်းတို့ တရားမဝင်ရယူထားသည့် လုပ်ငန်းရှင်၏ Contact အတွင်းမှ ဆွေမျိုးသားချင်းများ၊ လုပ်ဖော် ကိုင်ဖက်များထံသို့ လည်း ဆက်သွယ်အရှက်ခွဲခြင်းများ၊ သိက္ခာချခြင်းများ ပြုလုပ်လာသဖြင့် လုပ်ငန်းရှင် အ နေဖြင့် ချေးယူထားခြင်းမရှိသည့် ငွေကြေးပမာဏတစ်ခုအား မတတ်သာတော့ သဖြင့် လွှဲပေးလိုက်ရကြောင်းဆိုသည်။




ထိုသို့လွှဲပေးခဲ့ရပြီး ၂ ရက်ခန့် အကြာတွင်လည်း Viber မှတဆင့် Video Call ခေါ်ထားသည့်ပုံများ၊ ဖုန်းအတွင်းမှ ကိုယ်ရေး ကိုယ်တာပုံများ၊ မှတ် ပုံတင်များဖြင့် ခြိမ်းခြောက်၍ ငွေ ကြေးပမာဏတစ်ခုအား ထပ်မံခြိမ်းခြောက် တောင်းဆိုခဲ့ပြီး လုပ်ငန်းရှင်မှပေးဆောင်နိုင်ခြင်းမရှိသောအခါ အထက်တွင်ဆောင် ရွက်ခဲ့သည့်အတိုင်း လုပ်ငန်းရှင်၏ Contact အတွင်းမှ ဆွေမျိုးသားချင်းများ၊ လုပ်ဖော် ကိုင်ဖက်များထံသို့ ဆက်သွယ်အရှက်ခွဲခြင်းသာမက လူမှုကွန်ယက်စာ မျက်နှာများ၌ လုပ်ငန်းရှင်၏ ဓာတ်ပုံများ၊ ဖုန်းနံပါတ်များ၊ မှတ်ပုံတင်များတင်၍ အကြမ်းဖက် PDF ဖြစ်ကြောင်းစသည့်နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။




ဖြစ်စဉ်တွင် ဖမ်းဆီးရန်ကျန် တရုတ်နိုင်ငံသားဖြစ်သူ Mr.Yu Linfeng(ခ) Willian နှင့် ဖမ်းဆီးရမိသူများဖြစ်သည့် မမြတ်စန္ဒာဝင်း(ခ)စန္ဒာ၊ မအေးမြင့်သူ(ခ) ဇူးဇူးကို၊ ဆုရည်နွယ်၊ မဝေဖြိုးသွယ်(ခ)မဝေ၊ မင်းခန့်ကျော်၊ ဇော်ထက်အောင်၊ ကျော်ဇင်ထက်၊ မရတနာ၊ မလွင်မေချစ်၊ ရဲနိုင်ဝင်း၊ မမို့မို့အောင်၊ မင်းခန့်ကျော်(ခ) ခန့်ကျော်၊ ငြိမ်းချမ်းဆွေ နှင့် မစုစုအေးတို့အား အမှုဖွင့်လှစ်၍ တရားဉပဒေနှင့်အညီ အရေးယူမှုများ ဆောင် ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

Post a Comment

Previous Post Next Post