ကန့်ဘလူမြို့နယ်တွင် PDF များက ကြံခုတ်နေသူများကိုပစ်ခတ်

Views


ဇန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ကြံခင်းအတွင်း ကြံခုတ်နေသည့် ဒေသခံပြည်သူများအား ယမန်နေ့နံနက် ၁၀ နာရီခန့် တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
-
ထိုကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သတင်းရလျှင်ရခြင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာသို့ သွား ရောက်ခဲ့ရာ ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်း မဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြံခုတ်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အား သေဆုံးလျက် တွေ့ရှိရပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိနေ ကြောင်း တွေ့ရှိရကြောင်း သိရသည်။
-
သေဆုံးခဲ့ရသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ အား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး ကန့်ဘလူမြို့ရှိ နယ်မြေခံဆေးပေးခန်းသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

Post a Comment

Previous Post Next Post