Views
ဟိုင်ဂင်သဘောတူစာချုပ်အရ မြောက်သုံးကောင်အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများ အပစ်အခတ်ရပ်စဲထား သော်လည်း ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် လားရှိုးမြို့ လုံခြုံရေးဆောင်ရွက်နေသော နယ်ခြားတံတားအနီးရှိ တပ်မတော်စခန်းတစ်ခုကို MNDAA အင်အား ၆၀ ခန့်က ၄၀ မမ၊ RPG၊ စက်လက်၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ Drone ၂ စီးဖြင့် Drop Bomb ၁၂ လုံး ဖြုတ်ချ၍လည်းကောင်း စတင်တိုက်ခိုက်လာခဲ့သဖြင့် မိမိဘက်မှ တုံ့ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
-
ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူထံမှ-
(၁) M-22 ၁ လက်
(၂) ကျည်အိမ် ၃ ခု
(၃) ကျည်မျိုးစုံ ၈ တောင့်
(၄) လက်ပစ်ဗုံး ၈ လုံး
(၅) စကားပြောစက် ၂ လုံး
(၆) လက်ကိုင်ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့။
-
MNDAA အဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအပေါ် မထီမဲ့မြင်သဘောထားပြီး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်း သိရှိရပါသည်။
#တိုက်ပွဲသတင်းစုံ