MNDAA အဖွဲ့ပိုင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Views


၂၀၂၄ ခုနှစ် ဇန် ၂၃ ရက် နေ့ ၁၆၃၀ နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များသည် သတင်းအရ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်ဟောင်နယ်မြေ၊ အိမ်အမှတ် (၈၁) နေ စိုင်းဆွေဆိုင်း(ဘ) ဦးဆု အသက် ၅၁ နှစ်၊ ရှမ်း/ဗုဒ္ဓ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ အဝတ်ဘီဒိုအောက်ဆုံးထပ်အတွင်းနှင့် PRADO အမျိုးအစား (လိုင်စင်မဲ့)ယာဉ် ခဲရောင်အတွင်းမှ -
(၁) WY စိတ်ကြွဆေးပြား သိန်း ၂၀ ပြား၊ ကာလတန်ဖိုး မြန်မာငွေ ကျပ်သိန်း (၈၀၀၀) ခန့်
(၂) အိုက်စ် ၂၃ ကီလို ၊ ကာလတန်ဖိုး ကျပ် သိန်း (၁၈၄၀) ခန့်
(၃) ဘိန်း ၇၅ ကီလိုခန့်၊ စုစုပေါင်း ကျပ်သိန်း (၁၀၃၆၅) ခန့်
တို့အား ရှာဖွေသိမ်းဆည်းရရှိခဲ့။


-
စစ်ကြောချက်များအရ အဆိုပါမူးယစ်ဆေးဝါးများသည် “ဝ”နယ်မြေထဲမှ ဝယ်ယူလာပြီး NDAA (မိုင်းလား) အဖွဲ့မှတစ်ဆင့် သယ်ဆောင်လာသည့် MNDAA (ကိုးကန့်)အဖွဲ့ပိုင် မူးယစ်ဆေးဝါးများဖြစ်ကြောင်း၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို ဖြန့်ဖြူးရောင်းချမည့် ဆေးဝါးများဖြစ်ကြောင်း သိရှိရသည်။
-
စိုင်းဆွေဆိုင်းမှာ အခကြေးငွေ ထိုင်းဘတ်ငွေ (၁၇၂၀၀၀)ရယူ၍ အိမ်တွင် သိမ်းဆည်းပေးထားစဉ် ယခုလို အဖမ်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
-
ကွင်းဆက်တရားခံများအား ဖမ်းမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။



KT

Post a Comment

Previous Post Next Post