အင်ဒိုနီးရှားနိုင်ငံက အစ္စရေးနိုင်ငံကို (ICJ) တရားရုံးမှာ တရားစွဲ

Views


အင်ဒိုနီးရှားနိုင်ငံဟာ အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။
-
အင်ဒိုနီးရှားဟာ အစ္စရေးနိုင်ငံကို ပါလက်စတိုင်းပိုင်နက်တွေကို ရယူသိမ်းပိုက်ပြီးနိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုတွေအတွက် တရားစွဲဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။
-
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက အစ္စရေးနိုင်ငံဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ကမ္ဘာကို ပြသနိုင်ဖို့ ဥပဒေရေးရာကျွမ်းကျင်သူအဖွဲ့ကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
-
အင်ဒိုနီးရှားနဲ့ ဆလိုဗေးနီးယားနိုင်ငံတို့ဟာ အစ္စရေးကို ပါလက်စတိုင်းပိုင်နက်တွေသိမ်းပိုက်ခြင်းနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ တရားစွဲဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
-
နိုင်ငံတကာတရားရုံးဟာ အစ္စရေးနိုင်ငံအပေါ် တရားစွဲဆိုခဲ့တဲ့ အင်ဒိုနီးရှားရဲ့တိုင်ကြားမှုတွေကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ ကြားနာသွားဖွယ်ရှိနေကြောင်း သိရပါတယ်။

crd

Post a Comment

Previous Post Next Post