ဇန် ၂၅ ဆီဆိုင်မြို့ တိုက်ပွဲအခြေအနေ

Views

 




- ဇန်၂၄ ၂၀၅၀ ချိန် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့ နယ်၊ ကျောက်တလုံးကြီးမြို့ နယ်မြေရဲစခန်း၌ ၂၂၀၀ ချိန် ပူးပေါင်းခဲ့။



- ဇန် ၂၄ ၂၁၅၅ အောင်ချမ်း သာရပ်ရှိ မြင့်မြတ်စံ စက်သုံးဆီဆိုင်နှင့် နီလာရိုးမ စက်သုံးဆီဆိုင်များ မီးရှိုခံရ‌ေသာ်လည်း နီလာရိုးမဆိုင် မီးမကြွမ်းခဲ့။



- ဇန် ၂၄ ၂၂၀၀ ချိန် မြကန်သာရပ်ရှိ အမက(၅)ကျောင်းအနီး လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့။



- ဇန် ၂၄ ၂၂၀၀ ချိန် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အေးငွေ (၂၀)နှစ်၊ မြကန်သာရပ်၊ ဆီဆိုင်မြို့နေသူ သေဆုံးခဲ့။



- ဇန် ၂၅ ၀၇၀၀ ချိန် အကဖ အုပ်စုသည် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးဝန်းအတွင်းရှိ (၄)ထပ်ဆောင်နှင့် ဟိုခဲဘုန်းတော်ကြီးကျောင်း၊ မွေတော်ဘုရားဝန်း အတွင်း၌ ဖြန့်ခွဲနေရာယူထားပြီး မြို့နေပြည်သူများအား ၀၉၀၀ ချိန် မြို့မှ အပြီးထွက်ခွာပေးရန် နှိုး ဆော်ထားကြောင်း သိရှိရ။



- ဇန် ၂၅ ၀၈၀၀ ချိန် KNDF/ PDF/ PLNA ပူးပေါင်း အင် အား ၃၀၀ ခန့် ဆီဆိုင်မြို့ရှိ စစ်မှုထမ်းဟောင်းရုံးနှင့် ဆေးရုံ တို့တွင် ဖြန့်ခွဲနေရာယူလျှက်ရှိ။

Post a Comment

Previous Post Next Post