“အ” သူခံ၊ လည်သူစား နွေဦးတော်လှန်ရေးရဲ့ သရုပ်အမှန်

Views


ကယားပြည်နယ် ဘောလခဲမြို့နားက ထူးချောင်းစခန်းတိုက်ပွဲမှာ KNDF၊ PDF အဖွဲ့တွေ အကျအဆုံးများစွာနဲ့ အထိနာခဲ့ပါတယ်။
-
စကစ Channel တွေရဲ့ ထုတ်ပြန်ချက်အရ ဇန် ၂၃၊ ၂၄ ရက် ၂ ရက်တာတိုက်ပွဲအတွင်း KNDF၊ PDF အလောင်း ၂၅ လောင်း၊ သေနတ် ၁၂ လက်နဲ့ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ အများအပြားရရှိခဲ့တယ်လို့ဆိုပါတယ်။
-
ထူးခြားချက်က တိုက်ပွဲအတွင်း သေဆုံးအလောင်းထဲက မှတ်ပုံတင် ၅ ခု၊ ကားလိုင်စင် ၁ ခုရရှိခဲ့ပြီး သေဆုံးသူ အများစုက ဗမာ PDF လေးတွေ ဖြစ်နေတာ စိတ်မကောင်းစရာမြင်တွေ့ခဲ့ရပါတယ်။
-
နွေဦးတော်လှန်ရေးခေါင်းစဉ်နဲ့ PDF လေးတွေကို အကြောင်းပြ အလှူခံလုပ်စားနေတဲ့ NUG ထောက်ပို့ ပန်ဆယ်လို ဒေါ်လာသန်းချီတန်တဲ့ အိမ် ၂ လုံးဝယ်တဲ့ သတင်းတွေကြားမှာ အသက် ၂၀ ဝန်းကျင် PDF လေးတွေရဲ့ အသက်ခန္ဓာတွေ ကြွေလွှင့်နေတဲ့ ဒီလိုသတင်းမျိုးတွေဟာ ရင်ထုမနာဖြစ်ရပါတယ်။
-
ဒီလိုလူငယ်လေးတွေ အမြောက်အများ ဆုံးရှုံးနေရခြင်းဟာကာယကံရှင် မိဘတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို တိုင်းပြည်အနာဂတ်အတွက်လည်း ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။
-
ဒါ့ကြောင့်လည်း လမ်းလွှဲလိုက်နေတဲ့ PDF လူငယ်လေးတွေ အမြင်မှန်ရပြီး အေးမြတဲ့ မိဘရဲ့ အရိပ်အာဝါသ အောက်ကို ပြန်လည်ရောက်ရှိကြစေရန် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
KT

Post a Comment

Previous Post Next Post