ခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းများ (၂၃ - ၁ - ၂၀၂၄)

Views

မင်းပြားမြို့နယ်
ယနေ့နံနက်အစောပိုင်း ၄ နာရီခန့်က နယ်မြေခံတပ်ရင်း ၃၈၀ တပ်အား AA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အရာရှိ/စစ်သည်/ရဲမေ များ၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ/လေယာဉ်ပစ်ကူများဖြင့် ချေမှုန်းမှု တို့ကြောင့် သောင်းကျန်းသူများ မြောက်ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
-
ထိုအပြင် မင်းပြားသို့ စစ်ကူပို့သောကမ်းထိုးရေယာဉ်များအား ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် ကျားရဲ ပြင်ရွာအား တပ်မှထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ကျားရဲပြင်ရွာနှင့် မင်းပြားမြို့ကြားရှိ AA အကြမ်းဖက်အဖွဲ့ ခိုးအောင်းနေသည့်ရွာများအား ရှင်းလင်းလျက်ရှိရာ AA အကြမ်းဖက်အဖွဲ့ မှ ယနေ့ညနေပိုင်းက ငဝေ(ခေါ်)အိမ်ရှေ့မင်းရွာနှင့် ထောင့်ချောင်းကြီးရွာများမှနေ၍ Drop Bomb များ ကြဲ၍ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး/လက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့တာကြောင့် အဆိုပါနေရာတွင် ကြံ့ကြံ့ခံရင်ဆိုင်၍ ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းခြင်း၊ ရန်သူရှိနေသည့် နေရာများအား Drop Bomb များကြဲ၍ တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သောကြောင့် AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အထိနာခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများအား မြစ်တစ်ဖက်ကမ်းရှိ ၎င်းတို့စခန်းသို့ သုံးဘီးများဖြင့် ပို့ဆောင်နေကြောင်း သိရှိရသည်။


-
ကျောက်တော်မြို့နယ်
ယနေ့နံနက်ပိုင်းမှစ၍ ကျောက်တော်တပ်မဌာနချုပ် ကာကင်းနေရာ၊ နယ်မြေခံ တပ်ရင်းတို့အား AA အကြမ်းဖက်အဖွဲ့ထပ်မံ၍ လာရောက်တိုက်ခိုက်ခဲ့ သော် လည်း တပ်မတော်သားများနှင့် မှီခိုရဲမေများမှ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ လေကြောင်းပစ်ကူ/လက်နက်ကြီးပစ်ကူများဖြင့် ပစ်ကူပေးချေမှုန်းချင်းတို့ကြောင့် ရန်သူအား ဟန့်တားနိုင်ခဲ့ပြီး AA အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်းနှင့် ယနေ့နံနက်အဆိုပါနေရာများအား ရှင်းလင်းခဲ့ရာ ရန်သူ့ထံမှ သေနတ် ၇ လက်နှင့် အလောင်းအချို့ ရရှိခဲ့ကြောင်း သိရှိရသည်။


-
အဆိုပါနေရာများမှလွဲ၍ ကျန်မြို့များတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် AA အကြမ်းဖက် အဖွဲ့စခန်းရှိရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နှိမ်နင်းခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများသာ ရှိခဲ့ကြောင်း သိရှိရသည်။
-
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရာနေရာများ၊ ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း စသည့်အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည် ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။

MCO

Post a Comment

Previous Post Next Post